အလန်းစားပုံရိပ်

May 19, 2018

လီဗာပူးတိုက်စစ်မှူး ရော်ဘတ်တိုဖာမီနိုတို့ စုံတွဲ၏ အလန်းစားပုံရိပ်များ

ဘရာဇီးနဲ့ လီဗာပူးဘောလုံးစတား ရော်ဘတ်တိုဖာမီနိုဟာ ဇနီးဖြစ်သူ လာရစ်ဆာပီရီရာ နဲ့အတူ စပိန်နိုင်ငံ ကျွန်းတကျွန်းဖြစ်တဲ့ အီဘစ်ဖာကျွန်းမှာ အပန်းဖြေနေတဲ့ Sexy ကျကျ အလန်းစားပုံရိပ်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါဟာ လာမယ့် ချန်ပီယံလိဂ် ဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမတိုင်ခင်မှာ အပန်းဖြေခ ရီးထွက် ပြင်ဆင်နေတာလို့ မေရာသတင်းတပုဒ်မှာ မေလ ၁၇ ရက်နေ့က ဖော်ပြပါတယ်။ ပုံတွေထဲမှာတော့ ဖာမီနိုကို ဘီကီနီဝတ်စုံဝတ်ဆင်ထားတဲ့ ဇနီးလာရစ်ဆာနဲ့အတူ အနမ်းပေးနေခဲ့ကြတာကို တွေ့ရမှာပါ။ ဖာမီနိုဟာ လာမယ့်ကစားပွဲမှာ အနိုင်မရမှာကို စိုးရိမ်နေခဲ့ပြီး ၂၀၁၇-၁၈ ဘောလုံး ရာသီတုန်းကတော့ သူက လီဗာပူးအသင်းအတွက် မယုံကြည်နိုင်လောက်အောင် ဂိုး သွင်းစွမ်းရည်ပြနိုင်ခဲ့ကာ ဦးဆောင်ဂိုး ၂၇ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၁၇ ဂိုးရရှိအောင် ပံ့ပိုးပေးနိုင် ခဲ့တာပါ။ လက်ရှိမှာတော့ သူက ဂိုးအရေအတွက် ဒီထက်ပိုသွင်းချင်နေပြီး လာမယ့် မေလ ၂၆ ရက်နေ့မှာ ကျင်းပမယ့် နောက်ဆုံးဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ကန်ပြီး ချန်ပီယံလိဂ်ဖလားကို ရယူချင်နေတာ ဖြစ်ပါတယ်။ ပုံတွေထဲမှာတော့ ဘောလုံးအကျော်အမော်ကို ဇနီးဖြစ်သူ လာရစ်ဆာနဲ့ သူငယ် ချင်းတွေနဲ့အတူတွေ့ရပြီး  ဒါဟာ လေ့ကျင်ရေးစခန်းမ၀င်ခင်မှာ အားဖြည့်နေတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
4 years Ago
Up