ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကို ကာကွယ်နိုင်ဖို့နဲ့ ထိထိရောက်ရောက်ထိန်းချုပ်နိုင်ဖို့ ဥရောပတိုက်တခုလုံးက အမေရိကန်ပြည်ထောင်စုဆီ အလည်ခရီးလာရောက်တာအားလုံး ပိတ်လိုက်ပြီလို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
သမ္မတဒေါ်နယ်ထရမ့်က မတ် ၁၂ ရက်မနက်ပိုင်း ထုတ်ပြန်ခဲ့တဲ့ကြေညာချက်ထဲမှာ ဥရောပတိုက်ကနေ လာရောက်မယ့် အလည်အပတ်ခရီးစဉ်အားလုံးကို နောက်ထပ်ရက် ၃၀ ကာလ အထိ ပိတ်ပင်ထားမယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒီကန့်သတ်မှုထဲမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၄၆၀ ဦးအထိရှိနေတဲ့ ယူကေကတော့ ပါဝင်ခြင်း မရှိပါဘူး။
အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်းက အခုအချိန်အထိ ၁၁၃၅ ဦးထိ ရှိနေပြီး သေဆုံးသူ ၃၈ ဦးအထိ ရှိထားပါတယ်။
သမ္မတ ထရမ့်တော့ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးအတွက် စည်းမျဉ်းသစ်တွေဟာ မတ် ၁၃ ရက်နေ့ ညနေမှာ စတင်အသက်ဝင်မယ်လို့ ပြောခဲ့ပါတယ်။
12 months Ago