ဒါဟာ တကယ့်ကို အံ့သြစရာ အဖြစ်အပျက်တခုပါပဲ။ ရတနာဆိုင်တဆိုင်ထဲမှ အလစ်သုတ်ခိုးယူလာတဲ့ အမျိုးသားတဦးကို အသက် ၈၄ နှစ်အရွယ် ပင်စင်စားအဘိုးအိုတဦးက ကရာတေးသိုင်းကွက်သုံး ကန်ပြီး ဟန့်တားခဲ့တာပါ။
ဒီအဖြစ်အပျက်ဟာ ကုန်တိုက်တခုထဲမှာ ဖြစ်ပျက်ခဲ့တာဖြစ်ပြီး အဖိုးအို ရောလ်မူ နို့ဇ်ဟာ ဇနီးဖြစ်သူနဲ့အတူ ရှိနေခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ရတနာဆိုင်ဝန်ထမ်းက အော်ဟစ်ကာ နောက်ကလိုက်လာတဲ့အချိန်မှာ အဘိုးအိုရဲ့ ရှေ့ကဖြတ်ပြီး ပြေးသွားတဲ့ အနက်ရောင်ဝတ်စုံဝတ်အလစ်သုတ်သမား အမျိုးသားကို စိတ်မှုမှတ်မဲ့ ရုတ်တရက်ပဲ ခြေထောက်နဲ့ ကန်ပြီး တားဆီးခဲ့တာကို တွေ့ရပါတယ်။
ဒါပေမယ့် သူဟာလည်း အရှိန်နဲ့ ကြမ်းပြင်ပေါ် လဲကျသွားခဲ့ပြီး သူ့ရဲ့ ဇနီးသည်ဟာ အလျင်အမြန်ပြေးသွားခဲ့တာပါ။
အဲဒီအချိန်မှာ ကံကောင်းထောက်မစွာပဲ အနီးနားက ဆိုင်အလုပ်သမားတဦးက အလစ်သုတ်သမားကို ကူညီဖမ်းဆီးခဲ့တာပါ။
အဘိုးအို မူနို့ဇ်ကိုတော့ ဆေးရုံတရုံဆီ ခေါ်ဆောင်သွားခဲ့ပြီး ဆေးကုသပေးခဲ့ရပါတယ်။
“ဒါဟာ ကျနော် စိတ်မှုမှတ်မဲ့ တုံ့ပြန်လိုက်တာပါ။ ကျနော် ထင်လိုက်တယ်။ အဲဒီ အချိန်မှာ ကျနော်လုပ်လိုက်တယ်။ အဲဒီအချိန် တကမ္ဘာလုံးကို မေ့သွားခဲ့တယ်။ ကျနော့်ဇနီးက ၄ နာရီလောက်ကြာအောင် စကားမပြောနိုင်ခဲ့ဘူး။ သူကျနော့်ကို အပြစ်တင်ချင်ခဲ့တာ။ သူမေးတော့ ကျနော်ဖြေလိုက်ပါတယ်။ ငါလုပ်ခဲ့ပြီးပြီလို့။”
ဒီအဖြစ်အပျက်ဟာ ဘယ်နေရာမှာ ဖြစ်ခဲ့တယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိပါဘူး။
4 years Ago