အလင်းဝင်

October 14, 2021

ပျူစောထီးအဖွဲ့ဝင် အယောက် ၃၀ တူမီးသေနတ် ၂၅ လက်ဖြင့် ထီးလင်း PDF ထံ အလင်းဝင်

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ အောက်တိုဘာ ၁၄ ရက် ဒီနေ့မနက်ပိုင်းက ပျူစောထီးအဖွဲ့ဝင် အယောက် ၃၀ ဟာ တူမီးသေနတ် ၂၅ လက် အပ်နှံ အလင်းဝင်ခဲ့တယ်လို့ ထီးလင်း YDF တပ်ဖွဲ့ကနေ သိရပါတယ်။

ဇီးတောကျေးရွာက ပျူစောထီးအဖွဲ့ဝင် ၃၀ ဟာ လက်လုပ်တူမီးသေနတ် ၂၄ လက်နဲ့ ထိန်တိုင်းရွာက တူမီးသေနတ် ၁ လက်တို့နဲ့အတူ ဒီကနေ့ မနက် ၈ နာရီခွဲလောက်က ထီလင်း YDF တပ်ဖွဲ့ဆီ လာရောက်အပ်နှံခဲ့ပြီး စစ်အာဏာရှင်တော်လှန်ရေးမှာ ပြည်သူနဲ့အတူ ပူးပေါင်းပါဝင်မယ်ဆိုပြီး ကတိပြုခဲ့ကြတယ်လို့ ထီးလင်း YDF ခေါင်းဆောင်က ပြောပါတယ်။

ပထမအကြိမ် တူမီးသေနတ် အလက် ၂၀ သိမ်းဆည်းလိုက်တဲ့အချိန်မှာ ပျူစောထီးအဖွဲ့တွေ ဟာ စစ်ကောင်စီကို အကြောင်းကြားပေမယ့် စစ်ကောင်စီဘက်က လုံခြုံမှုမပေးတာကြောင့် ခိုကိုးရာမဲ့သွားပြီး လက်နက်တွေနဲ့အတူ YDFတပ်ဖွဲ့ဆီ အလင်းဝင်လာကြတာလို့ ဆိုပါတယ်။

ထီးလင်း-ဝါးရင်းချိုင် ကားလမ်းမှာလည်း အောက်တိုဘာ ၇ ရက်က အကြမ်းဖက် စစ်အုပ်စုကို YDF(ထီးလင်း)က မိုင်းဆွဲတိုက်ခိုက်ရာမှာ ရဲအရာရှိတစ်ယောက်အပါဝင် ရဲ ၄ ယောက်အပြင်းထန် ဒဏ်ရာရသွားပါတယ်။

စစ်ကောင်စီတပ်တွေက အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် ထီးလင်းမြို့နယ်ထဲက မိဘပြည်သူတွေ အနေနဲ့ ထီးလင်း-ဂန့်ဂေါ လမ်းပိုင်းကို YDF တပ်ဖွဲ့ကို အသိမပေးဘဲ ဖြတ်သန်းသွားလာတာတွေ မပြုလုပ်ကြဖို့ သတိပေး ထုတ်ပြန်ထားပါတယ်။

Photo- Yaw Defense Force(YDF)

1 week Ago

March 13, 2020

ဒီကေဘီအေခွဲထွက် ဗိုလ်မှူးကြီး စောဆန်းအောင်နှင့်အဖွဲ့ဝင် ၁၃ ဦး အလင်းဝင်

ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ) ခွဲထွက်အဖွဲ့က ဗိုလ်မှူးကြီး စောဆန်းအောင်အပါအဝင် ၁၃ ဦးဟာ  မတ်လ ၁၂ ရက် မွန်းလွဲပိုင်းက လက်နက်တွေနဲ့ အတူ ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်ခဲ့ပါတယ်။ သူတို့ကို  ဒီကေဘီအေဌာနချုပ်ရှိရာ ဆုံဆည်းမြိုင်မှာ အခမ်းအနားနဲ့ ကြိုဆိုခဲ့တယ်လို့ ဒီကေဘီအေ ဘားအံဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစောစိုးမိုးက ပြောပါတယ်။ “ သူတို့က ဥပဒေဘောင်အတွင်းဝင်တာ ၁၃ ယောက်။ လက်နက်အလက် ၂၀ နဲ့ ကျနော်တို့ဒီကေဘီအေဆီမှာပဲ။ ဗိုလ်ချုပ်ကြီး မိုရှေးကိုယ်တိုင်လက်ခံပြီးတော့ ကြိုဆိုပါတယ်ဗျာ။ ” သူတို့ကို ကြိုဆိုတဲ့အခမ်းအနားမှာ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (ဒီကေဘီအေ) ဗိုလ်ချုပ်ကြီးစောမိုရှေးနဲ့အတူ  အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးမိုးအောင်တို့ တက်ရောက်ခဲ့ပါတယ်။ ဒီလိုဝင်ရောက်လာတာကို အများကြီးကြိုဆိုကြောင်းနဲ့ ဖွံ့ဖြိုးရေးအတွက် အတူတကွ လက်တွဲ လုပ်ဆောင်သွားမယ်လို့လည်း ဗိုလ်မှူးစောစိုးမိုးက ပြောပါတယ်။ “ကျနော်တို့ ပြန်လည်ပူးပေါင်းပြီးတော့ ကျနော်တို့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်မယ်။ အဲဒါပါပဲ။ ” ဥပဒေဘောင်အတွင်းဝင်ရောက်လာသူတွေထဲမှာ စောဆန်းအောင်နဲ့အရင် တွဲဘက်တွေဖြစ်တဲ့ ဗိုလ်ကျော်သက်နဲ့ ဗိုလ်ဘိတိုကတော့ ပါဝင်လာခြင်းမရှိသေးပါဘူး။  စောဆန်းအောင်နဲ့အဖွဲ့ဟာ  ၆၀ မမ တလက် ၊ အာပီဂျီ ၂ လက်၊ M79 တလက်၊ သေနတ်အရှည် ၁၄ လက်အပါအဝင် လက်နက်မျိုးစုံ   ၂၀ လက်၊ ကျည်မျိုးစုံ ၄၅၈ တောင့်၊ ဗုံးသီး ၁၉ လုံးတို့ကို တိုင်းမှူးနဲ့တာဝန်ရှိသူတွေထံ လွှဲပြောင်းအပ်နှံခဲ့ပါတယ်။ အလားတူ တိုင်းမှူးကလည်း စောဆန်းအောင်နဲ့အဖွဲ့ကို အသုံးအဆောင်ပစ္စည်းတွေနဲ့ စားသောက်ဖွယ်ရာတွေ ပြန်လည်ပေးအပ်ခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ- CINCDS
2 years Ago
Up