အလင်းပွဲတော် ကျင်းပ

September 21, 2019

ရုရှားနိုင်ငံ မော်စကိုမြို့တွင် အလင်းပွဲတော် ကျင်းပ

ရုရှားနိုင်ငံ မော်စကိုမြို့မှာ  စက်တင်ဘာ ၂၀ ရက်က နှစ်စဉ်ကျင်းပမြဲ    အလင်းပွဲတော်ကို ပြုလုပ်ခဲ့ပြီး မော်စကို မြို့သူမြို့သားတွေနဲ့  ကမ္ဘာလှည့် ခရီးသွားတွေ လာရောက်ရှုစားခဲ့ပါတယ်။  ၄ ရက်ကြာ ကျင်းပတဲ့ ပွဲတော်အတွင်း  ကမ္ဘာတဝှမ်းက အနုပညာရှင်တွေဟာ ဘော်ရွိုင်း ပြဇာတ်ရုံအပါအဝင် အထင်ကရအဆောက်အဦတွေမှာ အလင်းအခြေခံရှိုးပွဲတွေ  တင်ဆက်သွားမှာပါ။    အဲဒီရှိုးပွဲတွေမှာ    2-D၊ 3-D ဂရက်ဖစ် ဒီဇိုင်းနဲ့နည်းပညာတွေ အသုံးပြုပြီး   ကမ္ဘာတဝှမ်းက ဇာတ်လမ်းတွေကို ပြသသွားမှာ ဖြစ်ပါတယ်။  ပွဲတော်လာသူ တဦးကလည်း ပထမဆုံးတန်းကနေ ကြည့်ချင်လို့  မနက် ၆ နာရီကတည်းက ဒီရောက်နေတယ်လို့ ဆိုပါတယ်။   ဒါ့အပြင်  ဒီပွဲတော်ကို လာချင်နေတာ  ၃ နှစ်လောက်ရှိပြိလို့လည်း သူက ပြောပါတယ်။ နှစ်စဉ်ကျင်းပတဲ့  အလင်းပွဲတော်ဟာ အစဉ်အလာအရ ရုရှားနဲ့ ကမ္ဘာတဝှမ်းက ရှုခင်းကြည့် ဝါသနာအိုးတွေကို  ဆွဲဆောင်နေပါတယ်။   အဲဒီ အလင်းပွဲတော်ကို စက်တင်ဘာ ၂၄ ရက်အထိ ကျင်းပသွားမယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ================= ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕တြင္ အလင္းပြဲေတာ္ က်င္းပ DVB ႐ုရွားႏိုင္ငံ ေမာ္စကိုၿမိဳ႕မွာ  စက္တင္ဘာ ၂၀ ရက္က ႏွစ္စဥ္က်င္းပၿမဲ    အလင္းပြဲေတာ္ကို ျပဳလုပ္ခဲ့ၿပီး ေမာ္စကို ၿမိဳ႕သူၿမိဳ႕သားေတြနဲ႔  ကမာၻလွည့္ ခရီးသြားေတြ လာေရာက္ရႈစားခဲ့ပါတယ္။ ၄ ရက္ၾကာ က်င္းပတဲ့ ပြဲေတာ္အတြင္း  ကမာၻတဝွမ္းက အႏုပညာရွင္ေတြဟာ ေဘာ္႐ြိဳင္း ျပဇာတ္႐ုံအပါအဝင္ အထင္ကရအေဆာက္အဦေတြမွာ အလင္းအေျခခံရႈိးပြဲေတြ  တင္ဆက္သြားမွာပါ။ အဲဒီရႈိးပြဲေတြမွာ    2-D၊ 3-D ဂရက္ဖစ္ ဒီဇိုင္းနဲ႔နည္းပညာေတြ အသုံးျပဳၿပီး   ကမာၻတဝွမ္းက ဇာတ္လမ္းေတြကို ျပသသြားမွာ ျဖစ္ပါတယ္။ ပြဲေတာ္လာသူ တဦးကလည္း ပထမဆုံးတန္းကေန ၾကည့္ခ်င္လို႔  မနက္ ၆ နာရီကတည္းက ဒီေရာက္ေနတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္  ဒီပြဲေတာ္ကို လာခ်င္ေနတာ  ၃ ႏွစ္ေလာက္ရွိၿပိလို႔လည္း သူက ေျပာပါတယ္။ ႏွစ္စဥ္က်င္းပတဲ့  အလင္းပြဲေတာ္ဟာ အစဥ္အလာအရ ႐ုရွားနဲ႔ ကမာၻတဝွမ္းက ရႈခင္းၾကည့္ ဝါသနာအိုးေတြကို  ဆြဲေဆာင္ေနပါတယ္။ အဲဒီ အလင္းပြဲေတာ္ကို စက္တင္ဘာ ၂၄ ရက္အထိ က်င္းပသြားမယ္လို႔ ႐ိုက္တာသတင္းမွာ ေဖာ္ျပပါတယ္။
2 years Ago
Up