ဆီးရီးယားနိုင်ငံ အလက်ပိုဒေသတောင်ပိုင်းမှာ ဇန်နဝါရီ ၁၆ ရက်က လေကြောင်း တိုက်ခိုက်မှုကြောင့် ပြိုကျသွားတဲ့ အဆောက်အအုံတခုထဲက မိန်းကလေးငယ်တဦးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပါတယ်။
အဲဒီလိုကယ်ထုတ်နေတဲ့ ဗွီဒီယိုကို ဦးထုပ်ဖြူအဖွဲ့လို့ ထင်ရှားတဲ့ ဆီးရီးယား အရပ်ဘက်ကာကွယ်ရေးအဖွဲ့က အွန်လိုင်းမှာ ပို့စ်တင်ခဲ့ပါတယ်။
ဗွီဒီယိုထဲမှာ အမျိုးသားတွေက အပြိုအပျက်တွေကို တူးဆွခဲ့ပြီး ဖုန်တွေပေနေတဲ့ ကလေးငယ်ကို ကယ်ဆယ်ခဲ့ပါတယ်။
ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က အဲဒီ လေကြောင်း တိုက်ခိုက်မှုတွေကို ရုရှားစစ်လေယာဉ်တွေက လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။
အဲဒီနောက် ဇန်နဝါရီ ၁၆ ရက်က အလက်ပိုမြို့နဲ့တောင်ပိုင်းနဲ့ အနောက်ပိုင်းကို လေကြောင်း တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ အဲဒီအဖွဲ့က ပြောခဲ့ပါတယ်။
ဒါ့အပြင် ဆီးရီးယားအမြောက်တပ်ဟာလည်း သူပုန်တွေအပေါ် ဆင်နွှဲတဲ့ အသစ်တဖန်ထိုး စစ်အတွင်း အစ်ဒလစ်ပြည်နယ်က မြို့ ရွာတွေကို အမြောက်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
1 year Ago