အလက်စကာ

December 14, 2020

ပိုက်ဖြင့်ငြိနေသည့် ဝေလငါးတစ်ကောင်က အော်ဟစ်အကူအညီတောင်း (ရုပ်သံ)

အလက်စကာက ငါးဖမ်းပိုက်တစ်ခုတွင်းမှာ ဖမ်းမိခဲ့တဲ့ humpback ဝေလငါးတစ်ကောင်ကို ကယ်တင်ပေးခဲ့ရပါတယ်။ ဝေလငါးဟာ ငါးဖမ်းပိုက်အတွင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ပိတ်မိနေချိန်မှာ ကျယ်လောင်စွာ အော်ဟစ် အကူအညီတောင်းခဲ့တာကိုလည်း တီနာကီစပရင်းမှာ နေထိုင်တဲ့ ဒေသခံတွေက ကြားခဲ့ရပါတယ်။ ဝေလငါးဟာ ကဏန်းပိုက်ထဲမှာရှိနေတဲ့ အစာကို စားဖို့ ကြိုးစားရင်းနဲ့ ရေပေါ် ပေါ်နေတဲ့ ပိုက်လိုင်းမှာ ငြိနေခဲ့တာလို့ အလက်စကာမှာရှိတဲ့ NOAA ငါးလုပ်ငန်းက ပြောပါတယ်။  ဒါပေမဲ့ ကယ်ဆယ်ရေးသမားတွေက ငြိနေတဲ့  ပိုက်အများစုကို ဖြတ်ပေးနိုင်ခဲ့ပြီး ကျန်နေတဲ့ ပိုက်အချို့ကို ဝေလငါးက ရုန်းထွက်လွတ်မြောက်နိုင်မယ်လို့ ယူဆထားပါတယ်။
4 months Ago
Up