အရှေ့တောင်အာရှ

September 15, 2020

မြန်မာနိုင်ငံ၏ ဂျီဒီပီတိုးတက်မှု ၁ ဒသမ ၈ ရာခိုင်နှုန်းရှိမည်ဟု အာရှဖွံ့ဖြိုးရေးဘဏ်ခန့်မှန်း

၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး ဂျီဒီပီ တိုးတက်မှုနှုန်းဟာ ၁ ဒသမ ၈ ရာခိုင်နှုန်း ရှိမယ်လို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)က ခန့်မှန်းထားပါတယ်။ အရှေ့တောင်အာရှနိုင်ငံအများစုရဲ့ ဂျီဒီပီက တိုးတက်မှုမရှိဘဲ လျော့ကျနိုင်ပေမဲ့ ၂၀၂၀ ခုပြည့်နှစ်  မြန်မာနိုင်ငံရဲ့ဂျီဒီပီ တိုးတက်မှုနှုန်းက ၁ ဒသမ၈ ရာခိုင်နှုန်းရှိမယ်လို့ ဒီနေ့ ထုတ်ပြန်တဲ့ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့အစီရင်ခံစာက ခန့်မှန်းထားတာပါ။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်  မြန်မာနိုင်ငံရဲ့ ဂျီဒီပီ  တိုးတက်မှုက ၆ ဒသမ ၈ ရာခိုင်နှုန်းထိ ရှိခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ ဂျီဒီပီ တိုးတက်မှုနှုန်းကလည်း  ၁ ဒသမ ၈ ရာခိုင်နှုန်းရှိမယ်ခန့်မှန်းထားပြီး ဘရူနိုင်းနိုင်ငံရဲ့  ဂျီဒီပီက ၁ ဒသမ ၄ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားတာပါ။ ဒါပေမဲ့ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံစတဲ့ အာဆီယံ ဒေသတွင်း နိုင်ငံတွေရဲ့ ဂျီဒီပီကတော့  လျော့ကျမယ်လို့ခန့်မှန်းထားပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါက ကမ္ဘာ့စီးပွားရေးဆောင်ရွက်မှုတွေကို ဆက်လက် ဟန့်တားနေတာကြောင့် ဖွံ့ဖြိုးဆဲ အာရှရဲ့ ဂျီဒီပီက ၂၀၂၀ ပြည့်နှစ်မှာ  ၀ ဒသမ ၇ ရာခိုင်နှုန်း လျော့ကျသွားမယ်လို့ ခန့်မှန်းထားပြီး ၂၀၂၁ ခုနှစ်မှာ ၆ ဒသမ ၈ ရာခိုင်နှုန်း တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ဖွံ့ဖြိုးဆဲ အာရှနိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှုနှုန်းတွေ လျော့ကျခြင်းက နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုရဲ့ အကျိုးဆက်အဖြစ် စီးပွားရေး ထိခိုက်ပျက်စီးရာကနေ  စတင်ရုန်းထွက်မှုတွေကြောင့် လာမယ့်နှစ်မှာ စီးပွားရေး ပြန်နာလန်ထူလာလိမ့်မယ်လို့လည်း ADB ရဲ့ အစီရင်ခံစာမှာ ခန့်မှန်းဖော်ပြထားပါတယ်။ သတင်း-စိုးချစ်ပိုင်
1 year Ago

July 13, 2020

အင်ဒိုနီးရှားတွင် တရက်တည်း ကိုဗစ်-၁၉ လူနာ ၁၆၈၁ ဦး တွေ့ရှိ၊ ၇၁ ဦး သေဆုံး

အင်ဒိုနီးရှားနိုင်ငံမှာ ဇူလိုင် ၁၂ ရက် တရက်တည်း ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြုလူနာ ၁၆၈၁ ဦး တွေ့ခဲ့ပြီး သေဆုံးသူ ၇၁ ဦးရှိတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် တပြည်လုံး အတည်ပြုလူနာ စုစုပေါင်းဟာ ၇၅,၀၀၀ ကျော်ပြီလို့ ကျန်းမာရေးဌာန တာဝန်ရှိသူက ဆိုပါတယ်။ စုစုပေါင်း သေဆုံးသူ စာရင်းအရလည်း တရုတ်ပြည်ပြင်ပ အရှေ့အာရှမှာ သေဆုံးသူ ၃,၆၀၆ ဦးနဲ့ သေဆုံးမှု အမြင့်ဆုံးနိုင်ငံ ဖြစ်လာပါတယ်။  အင်ဒိုနီးရှားမှာ ကိုဗစ်-၁၉ ‌ရောဂါ ပျံ့နှံ့ခဲ့တာ မတ် ၂ ရက်နေ့ကတည်းကဖြစ်ပြီး ဇူလိုင် ၁၂ ရက်နေ့မှာတော့ အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အတည်ပြုလူနာ ခုနှစ်သောင်းခွဲနဲ့ ကူးစက်ခံ အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။  လူဦးရေ ၂၇၃ သန်းရှိတဲ့ အင်ဒိုနီးရှားဟာ ဖိလစ်ပိုင်နဲ့ စင်ကာပူကို ကျော်ပြီး၊ ဇူလိုင် ၁၂ ရက်နေ့က အရှေ့တောင်အာရှမှာ အတည်ပြုလူနာ အများဆုံးနိုင်ငံ ဖြစ်လာတာပါ။
1 year Ago
More News
Up