အရှိုချင်းပါတီ

February 5, 2021

အာဏာသိမ်းအစိုးရ ကမ်းလှမ်းချက် အရှိုချင်းပါတီ ငြင်းပယ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အာဏာသိမ်းအစိုးရအဖွဲ့မှာ ပါဝင်ဖို့  ချင်းပါတီတစ်ခုဖြစ်တဲ့ အရှိုချင်းအမျိုးသားပါတီကို ကမ်းလှမ်းခဲ့ပေမယ့် ငြင်းပယ်လိုက်တယ်လို့    ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းအောင်မင်းလှိုင်က DVB ကို  ပြောပါတယ်။

“ပါတီကိုပဲ အစိုးရလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ဆိုပြီး တယောက်က ကမ်းလှမ်းတာပါ။ အဲဒါကို ကျနော်တို့က စိတ်ဝင်စားမှုမရှိလို့ မလုပ်တော့ဘူးလို့ ငြင်းပယ်တာပါ။ ကျနော်တို့ကို ဘာဝန်ကြီးပေးမယ်၊ ညာဝန်ကြီးပေးမယ် ပြောတာ မဟုတ်ပါဘူး။ အစိုးရလုပ်ငန်းတွေမှာ ပါဝင်ဖို့ သူတို့ UEC ကနေတဆင့် ကျနော်တို့ပါတီဥက္ကဋ္ဌကို လှမ်းဆက်တယ်။ ကျနော်တို့ကလည်း ဘာပဲဖြစ်ဖြစ် လုပ်ဖို့အစီအစဉ်မရှိလို့ လက်မခံတာပါ။ ကျနော်တို့ပါတီက ရာထူးနေရာအတွက် လုပ်တာ မဟုတ်ဘူးလေ။ တိုင်းရင်းသားလူနည်းစုတွေအတွက်၊ ဒီထက် ပိုကျယ်ပြန်တဲ့ အခွင့်အရေးတွေ၊ နိုင်ငံရေးရပိုင်ခွင့်တွေ၊ ဒေသအကျိုးပြုလုပ်ငန်းတွေအတွက် ကျနော်တို့က လုပ်နေတာဆိုတော့၊ ရေရှည်လုပ်ရမယ့်အစီအစဉ်တွေလည်း ရှိတော့ ဒီလိုရာထူးနေရာမျိုးတွေကို မလုပ်တာပါ။”

အာဏာသိမ်းအစိုးရအဖွဲ့ဟာ တိုင်းရင်းသားပါတီတွေထဲက ရခိုင်နဲ့ ကယားကပါတီတွေက   လူပုဂ္ဂိုလ်တချို့ကို အာဏာသိမ်းအစိုးရရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ကောင်စီဝင်နဲ့   ဝန်ကြီးချုပ်၊ ဝန်ကြီးနေရာတွေ   ခန့်အပ်ထားသလို    ပြည်သူ့ရှေ့ဆောင်ပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီတို့က    လူပုဂ္ဂိုလ်တချို့ကိုလည်း ခန့်အပ်ထားတာတွေ ရှိပါတယ်။

အာကာ

10 months Ago
Up