အရှိန်ဖြင့် ကားမောင်းရင်း အင်တာနက်ပေါ် တိုက်ရိုက်လွှင့်တင်သူကို ရဲဖမ်းဆီး

July 24, 2017

အရှိန်ဖြင့် ကားမောင်းရင်း အင်တာနက်ပေါ် တိုက်ရိုက်လွှင့်တင်သူကို ရဲဖမ်းဆီး

တရုတ်နိုင်ငံအရှေ့ပိုင်း အန်းဟွေပြည်နယ်မှာ ယွမ်ငွေတသန်းကျော်တန်တဲ့ ဇိမ်ခံကားကို အဝေးပြေးလမ်းမကြီးတလျှောက် မောင်းရင်း ကားရဲ့အရှိန်ကို အင်တာနက်ပေါ်မှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အမျိုးသားတဦးကို တရုတ်ရဲတွေက ဇူလိုင်လ အစောပိုင်းမှာ ဖမ်းမိခဲ့ပါတယ်။ မျိုးရိုးနာမည် ကျန်းလို့ ခေါ်တဲ့ ကားမောင်းသူက တနာရီကို ကီလိုမီတာ ၁၅၀/၁၇၀ လောက်က သိပ်မမြန်ဘူးလို့ သံသယဖြစ်မိကြောင်း ရုပ်သံထဲမှာ ပြောထားပါတယ်။ အန္တရာယ်ကြီးတဲ့ အမြန်မောင်းနှုံးကို သတိထားမိတဲ့ အင်တာနက် သုံးစွဲသူတွေက ဒီရုပ်သံအကြောင်း ရဲကို အစီရင်ခံခဲ့တာပါ။ တရုတ်ရဲ့ အွန်လိုင်း တိုက်ရိုက်ထုတ်လွှင့်မှု စာမျက်နှာ ဒို့ယူမှာ ကားမောင်းသူက တိုက်ရိုက်ထုတ်လွှင့်နေတယ်လို့ ပြောတဲ့ အစီရင်ခံမှုတရပ်ကို မနက် ၁၁ နာရီခွဲလောက်မှာ ရခဲ့တယ်လို့ ရဲအရာရှိ ဟူကျန်းက ပြောပါတယ်။ သတ်မှတ်မြန်နှုံး ကျော်လွန်မောင်းနှင်နေတာ သေချာကြောင်း ရဲက အတည်ပြုပြီး တိုးဂိတ်မှာ ကားမောင်းသူကို ကြားဖြတ် ဟန့်တားခဲ့ပါတယ်။ ကားမောင်းသူဟာ အန်းဟွေပြည်နယ်ရဲ့ မြို့တော် ဟောဖေမြို့ကနေ ကျန်စုပြည်နယ် ချောင်ကျိုးမြို့ကို ကားမောင်းလာခဲ့တာပါ။ ကားမောင်းသူဟာ ဒဏ်ငွေပေးဆောင်ရတဲ့အပြင် သူ့လိုင်စင်မှာ ယာဉ်စည်းကမ်း ချိုးဖောက်မှု အမှတ်ပေါင်း ၁၂ မှတ်ထိ ရှိနေခဲ့လို့ လိုင်စင်ပါ ပိတ်သိမ်းခံခဲ့ရပါတယ်။
4 years Ago
Up