အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်

October 4, 2017

ဆီပေပါများ တင်ဆောင်လာသော ယာဉ် ၁ စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်

ပဲခူတိုင်းဒေသကြီး ညောင်လေးပင်မြို့တော် ဝိကျေးရွာနားမှာ အောက်တိုဘာလ ၄ ရက် မနက် ၉ နာရီခွဲလောက်က ဆီပေပါတွေ တင်ဆောင်လာတဲ့ ယာဉ် ၁ စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကို တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ မြို့မရဲစခန်းက သိရသည်။ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း စိုင်းလင်းငယ်၊ ယာဉ်နောက်လိုက် ရဲနိုင်ဦးတို့ မောင်းနှင်လာတဲ့ ၁၈ ဘီးယာဉ်၊ ယာဉ်အမှတ် 9F/9801 Nissan Diesel ဆီပေပါများ တင်ဆောင်လာတဲ့ ယာဉ်မှာ မိုင်တိုင်အမှတ် (၁၀၃/၃) အရောက်မှာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကို တိမ်းမှောက်သွားခဲ့တာလို့ ရဲမှတ်တမ်းအရ သိရပါတယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်၏ ရှေ့ဦးခေါင်းကွဲကျေ၊ ဘန်ကာပိန်ချိုင့် ပျက်စီးကာ ကာလတန်ဖိုး ၁၀ သိန်းခန့် ဆုံးရှုံးခဲ့ရပြီး ယာဉ်နောက်လိုက်မှာ ထိခိုက်ဒဏ်ရာမရရှိဘဲ ယာဉ်မောင် စိုင်းလင်းငယ်မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်မဆင်မခြင် မောင်းနှင်သူ ယာဉ်မောင်း စိုင်းလင်းငယ်ကို ညောင်လေးပင် မြို့မရဲစခန်းမှယာဉ်(ပ)၊ ၄၁/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၂၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း - နေလင်းထိုက်
4 years Ago
Up