အရှည် ၁၆ ပေရှိ ကိုယ်ဝန်ဆောင် စပါးကြီးမြွေကြီးကို ဘယ်လိုဖမ်းဆီးသလဲ

May 12, 2017

အရှည် ၁၆ ပေရှိ ကိုယ်ဝန်ဆောင် စပါးကြီးမြွေကြီးကို ဘယ်လိုဖမ်းဆီးသလဲ (ရုပ်သံ)

စပါးကြီးမြွေတကောင်ကို ဖမ်းဆီးဖို့ဆိုတာ သင့်အနေနဲ့ တွေးတောင် တွေးမိမယ့် အရာတခု မဟုတ်ပါဘူး။ ဒါပေမယ့် အမေရိကန်နိုင်ငံမှ ခရမ်မ်အမည်ရတဲ့ အမျိုးသားတဦးကတော့ မြွေကြီးကို အကြောက်အလန့်မရှိ ဖမ်းဆီးပြနိုင်ခဲ့တာပါ။ ဒါဟာ တောင်ပိုင်း ဖလော်ရီဒါပြည်နယ်ထဲမှာ ဖြစ်ခဲ့ပြီး ခရမ်မ်က “သူ့ကို မိပြီ” ဆိုပြီး အော်ကာ မြေတွင်းထဲက စပါးကြီးမြွေကြီးကို တခြားအကူပစ္စည်းမပါဘဲ လက်ချည်းသက်သက်နဲ့ ဖမ်းယူဆွဲထုတ်ပြခဲ့တာကို တွေ့ရပါတယ်။ သူက တောင်ပိုင်းဖလော်ရီဒါပြည်နယ် ရေအရင်းအမြစ် စီမံခန့်ခွဲမှုဌာနရဲ့ စပါးကြီးမြွေ ရှင်းလင်းဖယ်ရှားရေး စီမံချက်တွေမှာ ပါဝင်လုပ်ဆောင်နေသူပါ။ အခုဖမ်းမိတဲ့ မြွေကြီးကတော့ အရှည် ၁၆ ပေရှိပြီး ကိုယ်ဝန်ဆောင်ထားရတဲ့ အမတကောင်ဖြစ်နေတာကို တွေ့ရပါတယ်။
4 years Ago
Up