အရှည် ၁၆၈ မီတာရှိ တံတားတစင်းကို စက္ကန့်ပိုင်းအတွင်း ဘယ်လိုဖောက်ခွဲဖျက်ဆီးသလဲ

June 5, 2017

အရှည် ၁၆၈ မီတာရှိ တံတားတစင်းကို စက္ကန့်ပိုင်းအတွင်း ဘယ်လိုဖောက်ခွဲဖျက်ဆီးသလဲ (ရုပ်သံ)

တရုတ်နိုင်ငံမြောက်ပိုင်းမှာ နှစ်ပေါင်း ၃၀ သက်တမ်းရှိနေပြီဖြစ်တဲ့ တံတားတစင်းကို သက်ဆိုင်ရာက အဝေးထိန်းခလုတ်နဲ့ ဖောက်ခွဲဖျက်ဆီးခဲ့ပါတယ်။ ဇီယူးလို့ အမည်ပေးထားတဲ့ ဒီတံတားရဲ့အရှည်ဟာ ၁၆၈ မီတာရှိပြီး ချန်ချွန်းမြို့မှာ တည်ရှိကာ မြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှု အခြေအနေမှာ ကြံ့ခိုင်မှုမရှိတော့လို့ ခုလို ဖောက်ခွဲဖျက်ဆီးခဲ့ရတာလို့ ဇွန်လ ၃ ရက်နေ့ စီဂျီတီအန်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဝေးထိန်းစက်ခလုတ်နှိပ်ကာ ဖျက်ဆီးခဲ့ချိန်မှာ တံတားဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ ကြောက်မက်ဖွယ် ပေါက်ကွဲခဲ့တာကို တွေ့ရပါတယ်။ တပြိုင်နက်တည်း မီးညွန့်မီးစွယ်တွေနဲ့အတူ မီးခိုးလုံးဖြူဖြူတွေ ဖုံးသွားခဲ့ပြီးနောက်မှာ တံတားတစင်းလုံး ပြိုကျပျက်စီးသွားခဲ့တာပါ။ အဲဒီနေရာမှာ တံတားသစ်တစင်း ဆောက်လုပ်သွားဖို့ရှိနေပြီး လာမယ့် အောက်တိုဘာလမှာ ပြီးစီးနိုင်မယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
Up