အရှင်လတ်လတ်မိကျောင်းအစားခံရရင် ဘာဖြစ်မလဲလို့ စဉ်းစားတဲ့သူတွေကတော့ အတော်နည်းပါလိမ့်မယ်။
တောရိုင်းတရိစ္ဆာန်အကြောင်း ရိုက်ကူးတဲ့ ဓာတ်ပုံဆရာ ထရေဗာဖိုစ်နဲ့ မယ်လီဆာလက်ခ်ျတို့က မိကျောင်းတိုက်ခိုက်ခံရတဲ့ သားကောင်နေရာကနေ ရုပ်သံဖိုင်တခုကို ရိုက်ကူးခဲ့ပါတယ်။
သြစတြေးလျ မြောက်ပိုင်းမှာ ဒီ ၂ ဦး ကင်မရာကို ထုတ်ပိုးပြီး မိကျောင်းသောင်းကျန်းနေတဲ့ ချောင်းထဲမှာ ချထားလိုက်ပါတယ်။
ဒီနောက် ကင်မရာကို မိကျောင်းက လာပြီးဟပ်မှာကို သူတို့ စောင့်ဆိုင်းခဲ့ပါတယ်။ သိပ်မကြာလိုက်ပါဘူး၊ မိကျောင်းက ကင်မရာကို သားကောင်မှတ်လို့ ရေအောက်ကို ဆွဲသွားပါတယ်။
ဒီအကြောင်းရိုက်ကူးထားတဲ့ ရုပ်သံကို နေရှင်နယ် ဂျော်ဂရပ်ဖစ် တီဗွီအစီအစဉ်မှာ ပြသခဲ့ပါတယ်။
ဒီသုတေသနက မိကျောင်းတိုက်ခိုက်တဲ့ နည်းလမ်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေနိုင်ဖို့ ဖြစ်ပါတယ်။
8 years Ago