အရှက်ရစေသည့် စော်ကားမှုကြောင့် စပိန် ဂေး ဒိုင်လူကြီး နုတ်ထွက်

A d v e r t i s e m e n t With Us

May 19, 2016

အရှက်ရစေသည့် စော်ကားမှုကြောင့် စပိန် ဂေး ဒိုင်လူကြီး နုတ်ထွက်

နှုတ်နဲ့ လိင်ပိုင်းဆိုင်ရာ တိမ်းညွတ်မှုအပေါ် စော်ကား ပြောဆိုခံရတဲ့အတွက် စပိန်နိုင်ငံက ပထမဆုံး ဂေးလို့ ပွင့်ပွင့်လင်းလင်း ၀န်ခံထားတဲ့ ဒိုင်လူကြီးက နုတ်ထွက်သွားပါတယ်။ အသက် ၂၁ နှစ်အရွယ် ဂျီးစပ်တွမ်မီလာရိုက သည်းခံနိုင်မှု အားကုန်လို့ နုတ်ထွက်လိုက်တာလို့ မေ ၁၂ ရက် အေပီသတင်းနဲ့ အင်တာဗျူးမှာ ပြောပါတယ်။ အရင် ၁၈ လက စတင်ပြီး လူမှုကွန်ရက် မီဒီယာပေါ်မှာ ဂေးလို့ ၀န်ခံခဲ့ပြီး စော်ကားမှုတွေ စတင်လာတာ ဖြစ်တယ်လို့ တွမ်မီလာရိုက ပြောပါတယ်။ တွမ်မီလာရို ကြီးကြပ်တဲ့ စပိန်တောင်ပိုင်း အန်ဒူလူစီယမ် ဒေသဆိုင်ရာ ပြိုင်ပွဲမှာ ပရိသတ်နဲ့ နည်းပြအဖွဲ့ဝင်တွေက စော်ကားပြောဆိုမှုတွေ ရှိခဲ့ပေမယ့် ဒေသခံ ဘောလုံးအဖွဲ့က သူ့အပေါ်မှာ ထောက်ခံမှုတွေ မလုပ်ဆောင်ခဲ့ဘူးလို့ ဆိုပါတယ်။ အန်ဒူလူစီယမ် ဘောလုံးအဖွဲ့ချုပ် ပြောခွင့်ရကတော့ တွမ်မီလာရိုကို ထောက်ခံသလို ဒိုင်အဖြစ် ဆက်လက်လုပ်ဆောင်လိုတယ်လို့ ပြောပါတယ်။ တွမ်မီလာရိုဟာ အချိန်ပိုင်း ဒိုင်လူကြီးတဦး ဖြစ်သလို စားပွဲထိုးတဦးလည်းဖြစ်ပြီး အပျော်တမ်းပြိုင်ပွဲတွေမှာ အသက် ၁၁ နှစ်ကတည်းက ဒိုင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။
5 years Ago
Up