အရံမီးသတ်တပ်ခွဲမှူး

A d v e r t i s e m e n t With Us

May 8, 2020

ပန်းတောင်းမြို့နယ်၌ ရေသွားလှူသည့် မီးသတ်ကားမှောက်ပြီး အရံမီးသတ်တပ်ခွဲမှူးသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ထဲမှာ ရေသွားလှူတဲ့ မီးသတ်ရေတင်ကားတစီး မေလ ၇ ရက်နေ့က  မတော်တဆတိမ်းမှောက်ပြီး အရံမီးသတ်တပ်ခွဲမှူး တစ်ဦး သေဆုံးသွားပါတယ်။ ပန်းတောင်းမြို့နယ်ထဲက သဲဖြူကျေးရွာနဲ့ ကြာအင်းကျေးရွာတွေဘက်မှာ နွေရာသီ ရေ အခက်အခဲဖြစ်နေလို့ အကူအညီတောင်းခံတာကြောင့် ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့က အရံမီးသတ်တပ်ဖွဲ့က ရေသယ်တဲ့ မီးသတ်ယာဉ် စေလွှတ်ခဲ့တာပါ။ ပုသိမ်-မုံရွာကားလမ်းမိုင်တိုင်အမှတ် ၁၂၃/၇ နဲ့ ၁၂၄ ကြားအရောက်မှာတော့ ကား ရှောင်တိမ်းရာက အရှိန်လွန်ပြီး လယ်ကွက်ထဲကို  မီးသတ်ကား ထိုးကျကာ ယူကလစ်ပင်ကို ဝင်တိုက်မိခဲ့ပြီးနောက်  သစ်ပင်ကကားပေါ်ကိုပြန်ပိတဲ့အတွက် ယာဉ်မောင်း မီးသတ်ဝန်ထမ်း  ဦးကုလား သေဆုံးခဲ့တာလို့ ပြည်ခရိုင်မီးသတ်တပ်ဖွဲ့မှူး ဦးအေးကျော်ကပြောပါတယ်။ “သူက နှစ် ၃၀ ကျော်လောက် မီးသတ်မှာဝါသနာကြီးစွာနဲ့လုပ်ကိုင်ခဲ့တာ။ ကားကတော့ အနည်းငယ်ပျက်စီးသွားတယ်။ အဲဒီအတွက်လည်း ဘတ်ဂျက်မသုံးပါဘူး။ ဒီကမြို့မိမြို့ဖတွေရဲ့အ ကူအညီနဲ့ကားကိုပြန်ပြင်ပေးမှာပါ။ အခုဟာကလည်း ရေရှားပါးတဲ့နေရာတွေကို သွားလှူတဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းပဲလေ”   အဆိုပါမီးသတ်ရေသယ်ယာဉ်ဟာ  ဒေါင်ဖန်းအမျိုးအစား ၆ ဘီးတပ် ယာဉ်ဖြစ်ပြီး သေဆုံးသွားတဲ့ ယာဉ်မောင်း ဦးကုလားကတော့  အရံမီးသတ်တပ်ဖွဲ့မှာ တပ်ခွဲမှူးအဖြစ် နှစ်ပေါင်းများစွာ တာဝန်းထမ်း ဆောင်နေသူတယောက်ဖြစ်ပါတယ်။ အဆိုပါယာဉ်မတော်တဆမှုနဲ့ ပတ်သက်ပြီးအမှုဖွင့်ထားတဲ့အကြောင်း  ဥသျှစ်ပင်ရဲစခန်းမှူး ရဲအုပ်သန်းလှက “ ရဲလုပ်ထုံးလုပ်နည်းအရ ယာဉ်မောင်းတဲ့သူ သေဆုံးသွားတဲ့အတွက် မီးသတ်တပ်ဖွဲ့ဝင်ကို ယာဉ်(ပ)၁၂/၂၀၂၀-ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၄၀(က/၃၃၇)နဲ့ အရေးယူအမှုဖွင့်ရကာနောက်မှာ သေဆုံးမှုနဲ့ အမှုပြန်ပိတ်ရတာပါ။ ကားက ရေအလေးချိန်ပါတော့ ထိန်းရသိမ်းရခက်ခဲသွား တဲ့ပုံစံဖြစ်မယ်” လို့ ပြောပါတယ်။   
9 months Ago
Up