အရေးယူမည်

A d v e r t i s e m e n t With Us

January 9, 2021

ကျိုက်ထီးရိုးစေတီ သာသနိကအဆောက်အဦပုံများ ဗန်းပြအလှူခံသူများကို အရေးယူမည်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သမိုင်းဝင်ကျိုက်ထီးရိုးစေတီတော်ရဲ့ သာသနိက အဆောက်အဦပုံတွေ ဗန်းပြပြီး ပြင်ပမှာ အလှူခံ‌နေသူတွေကို ဥပဒေနဲ့အညီ အမှုဖွင့်လှစ်အရေးသွားမယ်လို့ စေတီဂေါပကအဖွဲ့ဝင် ဦးစိုးလှိုင်က ပြောပါတယ်။

“ကိုဗစ်ကာလ စေတီကို ဖူးမျှော်ခွင့်တွေ ပိတ်ထားချိန် အချို့က ခုလို အလှူခံတာတွေ ရှိ‌နေတယ်လို့ ကြားသိရလို့ပါ။ ဂေါပကအဖွဲ့က လွဲရင် ပြင်ပကို  ဘယ်လိုအလှူခံကိုမှ လွှတ်ထားတာမရှိပါဘူး။ ဗွီနိုင်း‌တွေနဲ့ ကြေညာချက်တွေကို ထုတ်ပြန်ပေးထားပြီးဖြစ်ပါတယ်။”

ကျိုက်ထီးရိုးစေတီတော်နဲ့ပတ်သက်ပြီး ပြင်ပအလှူခံစေလွှတ်ထားတာ မရှိသလို ပြင်ပနေရာတွေမှာလည်း အလှူခံဌာန မဖွင့်ထားတာကြောင့် အများပြည်သူက လှူဒါန်းလိုပါက ဂေါပကအဖွဲ့ကို တိုက်ရိုက်ဖုန်းနဲ့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

ဆံတော်ရှင်ကျိုက် ထီးရိုးစေတီသာသနိက အဆောက်အဦ ပုံတွေကိုအသုံးပြုပြီး အလှူခံတာ မပြုလုပ်ဖို့၊ ကျိုက်ထီးရိုး စေတီတော်နဲ့ပတ်သက်ပြီး မည်သည့် လူ၊ ရဟန်း၊ ပုဂ္ဂိုလ်ကိုမှ အလှူခံခွင့်ပြုထားခြင်း မရှိထားလို့ အလှူခံနေသူတွေကို  တွေ့ရှိပါက ဥပဒေနဲ့အညီ  အရေးယူမယ်လို့ ဂေါပကအဖွဲ့က အခုလ ၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

မွန်ပြည်နယ် အထင်ကရ စေတီတစ်ဆူဖြစ်တယ့် ကျိုက်ထိုမြို့နယ်က  ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို ယခင်က ပွဲ‌တော်ချိန်သာ ဖွင့်လှစ်ခဲ့ပေမယ့် နောက်ပိုင်း လမ်းပန်းဆက်သွယ်ရေး ကောင်းလာတာကြောင့် တစ်နှစ်ပတ်လုံး တက်ရောက်ဖူး မြော်ခွင့်ပေးထားပေမယ့် ကိုဗစ်ကာလ မတ်လကတည်းက စတင်ပိတ်ထားတာလည်းဖြစ်ပါတယ်။

စေတီတော်ကြီးရဲ့ ပွဲတော်ချိန်မဟုတ်ပါက ပျှမ်းမျှ နေ့စဉ် ပြည်ပခရီးသွား ၂၀၀ ကျော်နဲ့ ပြည်တွင်းခရီးသွား ၅,၀၀၀ နီးပါးလောက် လာရောက်လေ့ရှိပြီး ပွဲတော်ကာလနဲ့ အခါကြီး ရက်ကြီးနေ့တွေမှာတော့ ဘုရားဖူးဧည့်သည် သိန်းချီလာရောက်လေ့ရှိတယ်လို့ ကျိုက်ထီးရိုးစေတီတော်ဂေါ ပကအဖွဲ့ဆီက သိရပါတယ်။

ရဲထွဋ်

2 months Ago

December 11, 2020

လက်ပံတန်းမြို့မဈေးကြီးတွင် စည်းကမ်းဖောက်ပြီး ဈေးလာရောင်းပါက အရေးယူမည်

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့ရှိ မြို့မဈေးမှာ ဈေးရောင်းချသူတချို့ ကိုဗစ်-၁၉  ရောဂါပိုးတွေ့ရှိတာကြောင့် ၁၄ ရက်ကြာဈေးပိတ်ထားတာကို  လိုက်နာမှုမရှိဘဲ စည်းကမ်းဖောက်ဖျက်ပါက အရေးယူမယ်လို့  မြို့နယ် ကိုဗစ်-၁၉ တုံ့ပြန်ရေး ကော်မတီက ပြောပါတယ်။ "မြို့မ​ဈေးနဲ့ အပြင်ဘက်က ဆိုင်တန်းတွေကို အကုန်ပိတ်သိမ်းတယ်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေကို ပါဆယ်စနစ်နဲ့ ရောင်းချစေတယ်၊  အသီးအရွက်၊ သားငါးတွေကို မိုဘိုင်းစနစ်နဲ့ ရောင်းချခွင့်ပေးတယ်၊ အဲ့လိုမဟုတ်ဘဲ ဈေးဗန်းချရောင်းတာတို့၊ ဆိုင်ထိုင်ရောင်းတာတို့တွေ့ရင် ပထမအကြိမ်မှာ ဆိုင်ပိတ်ခိုင်းမယ်မယ်၊ အဲ့ဒါကိုမှ မလိုက်နာရင်တော့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဥပဒေနဲ့ အရေးယူပါမယ် " လို့ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းက ပြောပါတယ်။ ဒီဇင်ဘာ  ၈ ရက်ညမှာ ပြုလုပ်​ခဲ့တဲ့ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ လက်ပံတန်းမြို့ မြို့မဈေး​ကြီးနဲ့ ပတ်ဝန်းကျင်ရှိ ညနေဈေး၊ အာရုံဈေး၊ ဘူတာပတ်လည်ရှိဈေးဆိုင်ခန်းတွေ၊ ကျွန်းကလေးဈေးတို့ကို ဒီဇင်ဘာ ၁၀ ရက်မှ ဒီဇင်ဘာ ၂၄ ရက်နေ့အထိ အိမ်သုံး ဆေးဆိုင်တွေမှအပ ယာယီပိတ်သိမ်းဖို့ မြို့နယ်စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ထားပါတယ်။ လက်ပံတန်းမြို့ မြို့မဈေးအတွင်းက ဈေးရောင်းသူနဲ့ မိသားစုဝင်တွေ လူဦးရေ ၅၁ ဦး ကို ဒီဇင်ဘာ ၈ ရက်နဲ့ ၉ ရက် ၂ ရက်မှာ  ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ရာမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိသူ ၁၆ ဦး တွေ့ရှိခဲ့ပါတယ်။ သတင်း၊ ဓာတ်ပုံ - ဝဏ္ဏထွန်း
3 months Ago
More News
Up