ပရီးမီးယားလိဂ်တာဝန်ရှိသူတွေက အရေးယူမှုပြုလုပ်မယ့်အပေါ် အံ့အားသင့်မိကြောင်း မန်စီးတီး အသင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။
၂၀၀၉-၂၀၁၀ ရာသီကနေ ၂၀၁၇-၂၀၁၈ ရာသီအထိ ဘဏ္ဍာရေးစည်းမျဉ်းစုစုပေါင်း ၁၀၀ လောက်ချိုးဖောက်ခဲ့တယ်လို့ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်က စွဲချက်တင်ထားပြီး အရေးယူမှုတွေလုပ်ဆောင်တော့မှာပါ။
အဲဒီအပေါ် မန်စီးတီးအသင်းဘက်က အံ့အားသင့်မိကြောင်း၊ စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ လွတ်လပ်ပြီး ဘက်မလိုက်ဘဲ တသတ်မတ်တည်း ပြန်လည်စစ်ဆေး မယ်ဆိုရင် လက်ခံကြိုဆိုကြောင်း၊ အသင်းဘက်က လုပ်ဆောင်စရာရှိတာတွေဆက်ပြီး လုပ်ဆောင်သွားမှာဖြစ် ကြောင်း သတင်းထုတ်ပြန်ခဲ့တာပါ။
မန်စီးတီးအသင်းအနေနဲ့ မှန်ကန်တဲ့ ဘဏ္ဍာရေးရှင်းတမ်းဖြစ်ဖို့အတွက် စပွန်ဆာကြေးအပါအဝင် အမြတ်ငွေတွေနဲ့ ရှင်းလင်းဖို့ လိုအပ်ပြီး အသင်းနည်းပြနဲ့ ကစားသမားတွေရဲ့ လုပ်ခလစာပေးချေမှုတွေမှာလည်း ထိန်ချန်ထားမှုတွေရှိတယ်လို့ ပရီးမီးယားလိဂ်က ဆွဲချက်တင်ထားပါ။
ဒါ့အပြင် ၂၀၁၃-၂၀၁၄ ရာသီနဲ့ ၂၀၁၇-၂၀၁၈ ရာသီအထိ ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တာ၊ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီကနေ ၂၀၁၇-၂၀၁၈ ရာသီမှာ ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှုဆိုင်ရာစည်းမျဉ်းတွေကို ချိုးဖောက်ခဲ့ခြင်းတွေပါဝင်ပါတယ်။
မန်စီးတီးအနေနဲ့ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် အမှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံရဖို့များနေပြီး အမြင့်ဆုံးပြစ်ဒဏ်အနေနဲ့ ပြိုင်ပွဲကနေ တောင်ထုတ်ပယ်ခံရနိုင်တယ်လို့ သိရပါတယ်။
ပီရူးနိုင်ငံမှာ ဒီဇင်ဘာလနဲ့ ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ ဆန္ဒပြသူတွေကို အရေးယူဘဲ နေမှာမဟုတ်ဘူးလို့ ပီရူးသမ္မတ ဒီနာဘိုလူအာတာက ဇန်နဝါရီ ၁၉ ရက် ရုပ်သံမိန့်ခွန်းမှာ ထည့်သွင်းပြောသွားပါတယ်။
ဒါက ငြိမ်းချမ်းစွာ ဆန္ဒပြတာ မဟုတ်ကြောင်းနဲ့ အစိုးရရှေ့နေရုံးနဲ့ အတူတွဲလုပ်ဆောင်သွားမှာ ဖြစ်ပြီးတော့ ပုဂ္ဂလိကနဲ့ အစိုးရ ပစ္စည်းတွေကို ဖျက်ဆီးသွားတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်သူတွေကို စစ်ဆေးအမှုဖွင့်ပြီး အခွန်ကောက်သွားမယ်လို့ သမ္မတ ဒီနာက ပြောပါတယ်။
မနေ့ကလည်း လီမာမြို့တော်မှာ တောင်ပိုင်းဒေသခံတွေ အများစုပါဝင်တဲ့ ဆန္ဒပြပွဲတွေနဲ့ တချိန်တည်းမှာပဲ လေဆိပ် ၃ ခုကို သိမ်းပိုက်ဖို့ ကြိုးစားတာတွေဖြစ်ခဲ့ပြီး ဒါဟာ တိုက်ဆိုင်မှုမဟုတ်ပဲ အရင်ကတည်းက ကြိုတင်ပြင်ဆင်ပြီး စီစဉ်ထားတာဖြစ်ကြောင်းလည်း သမ္မတက ပြောပါတယ်။
ပီရူးတောင်ပိုင်းရှိ အာရီကီပါ လေဆိပ်အပြင်ဘက်မှာ ရဲတွေနဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုအတွင်း အမျိုးသားတစ်ဦး ထပ်ပြီးသေဆုံးခဲ့ပါတယ်။
ဆန္ဒပြနေတဲ့သူတွေ၊ ပြည်နယ်တွေကနေ မြို့တော်ကို အရောက်လာကြသူတွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ကြောင်းနဲ့ ဒီနိုင်ငံအတွက် လိုအပ်တဲ့ အမြင်သဘောထားတွေပေါ်မှာ လုပ်ဆောင်ကြဖို့ လည်း ပီရူးသမ္မတ ဒီနာက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောသွားပါတယ်။