အရေးပေါ်ဥပဒေ

March 22, 2020

ပြင်သစ်တွင် အရေးပေါ်ဥပဒေ ထုတ်ပြန်ရန် စီစဉ်

ပြင်သစ်အစိုးရကို ပိုအာဏာပေးနိုင်ရေး အရေးပေါ်ဥပဒေမူကြမ်းကို ထုတ်ပြန်ဖို့ ပြင်သစ်လွှတ်တော်အမတ်တွေ ဆက်ပြီး အလုပ်လုပ်နေပါတယ်။ ပြင်သစ်နိုင်ငံ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လျှော့ချရေးနဲ့ ကျန်းမာရေး အကျပ်အတည်းက စီးပွားရေးအပေါ် သက်ရောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ပြင်ဆင်နေတာပါ။ ဒီနေ့မွန်းလွဲပိုင်းအထိ ပြင်သစ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၄၄၅၉ ဦး၊ သေဆုံးသူ ၅၆၂ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းသူ ၁၅၈၇ ဦးရှိတယ်လို့ သိရပါတယ်။ ပြင်သစ်နိုင်ငံမှာ သီတင်းပတ် နှစ်ပတ်အတွင်း ဆေးကုဖို့နဲ့ အခြေခံလိုအပ်ချက်တွေ ဝယ်ဖို့က လွဲရင် အကြောင်းထူးမရှိဘဲ အပြင်မထွက်ဖို့ ပြည်သူတွေ အိမ်ထဲမှာပဲ နေဖို့ တနိုင်ငံလုံးကို ပိတ်ချခဲ့တာ မတ်လ ၁၇ ရက်ကတည်းကပါ။ လူဦးရေအရ ဘယ်လောက် တသားတည်း အကောင်အထည်ဖော်နိုင်လဲဆိုတဲ့အပေါ် မူတည်ပြီး တနိုင်ငံလုံး ပိတ်ချထားတာကို လိုအပ်ရင် သက်တမ်းတိုးမယ်လို့လည်း ကျန်းမာရေး အာဏာပိုင်တွေက ပြောပါတယ်။
2 years Ago
Up