အရေးပေါ်အောက်ဆီဂျင်

July 20, 2021

ကိုဗစ်ကူးစက်မှု မြင့်တက်နေသည့် အင်ဒိုနီးရှားသို့ စင်ကာပူနိုင်ငံက အရေးပေါ် အောက်ဆီဂျင်ကူညီ

ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်နေတဲ့ အင်ဒိုနီးရှားနိုင်ငံကို စင်ကာပူနိုင်ငံက အရေးပေါ်အောက်ဆီဂျင်ပုံမှန်ပို့ပေးသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒါဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု တိုက်ဖျက်နေရတဲ့ အိမ်နီးချင်းနိုင်ငံကို အရေးပေါ် အောက်ဆီဂျင်လွန်းပျံအစီအစဉ်အနေနဲ့ ထောက်ပံ့ကူညီပေးဖို့ စတင်ခဲ့တာဖြစ်ပြီး လာမယ့် ဩဂုတ်လအထိ အောက်ဆီဂျင်တန် ၅၀၀ ထက်မနည်း ပေးပို့သွားမယ်လို့ စင် ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု တွေ မြင့်တက်နေခဲ့ပြီး လတ်တလောအချိန်ထိ သေဆုံးသူ ၇၄,၉၂၀ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူအရေအတွက် ၃၄,၂၅၇ ယောက်နဲ့ ရောဂါကူးစက်ခံရသူစုစုပေါင်း ၂ ဒသမ ၉၁ သန်းကျော်ရှိနေခဲ့တာပါ။

ဇူလိုင် ၁၉ ရက်နေ့မှာတော့ စင်ကာပူနိုင်ငံက ပေးပို့တဲ့ အောက်ဆီဂျင်အရည်တန် ၈၀ ပါဝင်တဲ့ စည် ၄ လုံး အင်ဒိုနီးရှားနိုင်ငံကို ရေကြောင်းနဲ့ ရောက်ရှိခဲ့ပြီဖြစ်ကာ လာမယ့် သီတင်းပတ်တွေထဲ ထပ်မံပြီးတော့ ပေးပို့သွားမယ်လို့ ဆိုပါတယ်။      

ဒါ့အပြင် စင်ကာပူအစိုးရက အောက်ဆီဂျင်အိုး၊ အသက်ရှူစက်၊ တခြားလိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာတွေကိုလည်း ဇူလိုင် ၉ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

6 months Ago
Up