အရေးပေါ်မိုင်းအန္တရာယ်

A d v e r t i s e m e n t With Us

January 11, 2020

မြေမြှုပ်မိုင်းနှင့်ပေါက်ကွဲစေတတ်သည့်ပစ္စည်းများကြောင့် ကလေး ၁၆ ဦး သေဆုံး၊ ၃၆ ဦး ဒဏ်ရာရ

၂၀၁၉ ခုနှစ်အတွင်း  မြေမြှုပ်မိုင်းတွေနဲ့ စစ်လက်ကျန် ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများ (ERWs) ရဲ့ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံ ပဋိပက္ခဖြစ်ပွားရာ နယ်မြေတွေမှာ  ကလေးငယ် ၁၆ ယောက် အသက်ဆုံးရှုံးခဲ့ရပြီး ၃၆ ယောက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ယူနီဆက်ဖ်က ဇန်နဝါရီ ၁၀ မှာ ထုတ်ပြန်ပါတယ်။  ဇန်နဝါရီ ၆ ရက်နေ့က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ထိုက်ထူပေါက်ရွာအနီးရှိ တောအတွင်း ထင်းကောက်နေစဉ် ပေါက်ကွဲမှုတခုကြောင့်  ကလေးငယ် ၄ ယောက် သေဆုံးခဲ့ရမှုအပေါ် များစွာဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားပါတယ်။  ယူနီဆက်ဖ်အနေနဲ့ ပဋိပက္ခအတွင်း ရောက်ရှိနေတဲ့ ကလေးငယ်တွေ ဘေးကင်းလုံခြုံမှုရှိရေးနဲ့ အကာအကွယ်ရပိုင်ခွင့်ကို ထိန်းသိမ်းနိုင်ဖို့အတွက် မြေမြှုပ်မိုင်း ချထားခြင်းတွေ မလုပ်ဖို့နဲ့ လက်ရှိမိုင်းနဲ့ မပေါက်ကွဲသေးသော လက်နက်ပစ္စည်းများကို ရှင်းလင်းဖယ်ရှားကြဖို့လည်း အဖွဲ့အစည်းအားလုံးကို တိုက်တွန်းထားပါတယ်။  ဒါ့အပြင် ပဋိပက္ခကြောင့် ထိခိုက်မှုရှိနေတဲ့ ဒေသအားလုံးရှိ ကလေးငယ်တွေ၊  ဆရာတွေနဲ့ အခြားရပ်ရွာ အသိုက်အဝန်းအဖွဲ့ဝင်တွေကို လူမှုစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုနဲ့ မိုင်းအန္တရာယ် အသိပညာပေးမှုတွေ ရရှိဖို့ အရေးပေါ်မိုင်းအန္တရာယ် အသိပညာပေး လှုပ်ရှား ဆောင်ရွက်မှုများ ပြုလုပ်နိုင်အောင် အစိုးရဘက်ကလည်း ကူညီပေးဖို့ တိုက်တွန်းထားပါတယ်။
1 year Ago
Up