အရေးပေါ်ဆင်းသက်

August 20, 2020

ရုရှားအတိုက်အခံခေါင်းဆောင် အစာအဆိပ်သင့်၍ လေယာဉ်အရေးပေါ်ဆင်းသက် 

ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်နီဟာ အစာအဆိပ်သင့်တာကြောင့် စီးလာတဲ့ လေယာဉ်အရေးပေါ် ဆင်းသက်ခဲ့ရပြီး သြဂုတ်လ ၂၀ မနက်ပိုင်းမှာ ဆိုက်ဘေးရီးယားပြည်နယ်က ဆေးရုံဆီ တင်ပို့ကုသထားရပါတယ်။  အသက် ၄၄ နှစ်အရွယ် နာဗယ်လ်နီဟာ အဆိပ်သင့်ခဲ့ပြီး အထူးကြပ်မတ် ကုသဆောင်ထဲမှာ သတိလစ်နေတယ်လို့ အလက်ဇီရဲ့ ပြောခွင့်ရ ကီရာယာမစ်ရှ်က ပြောပါတယ်။  သူဟာ ဆိုက်ဘေးရီးယားပြည်နယ်  တွန်ခ်စ်မြို့ကနေ ရုရှားမြို့တော် မော်စကိုကိုပြန်တဲ့ လေကြောင်းခရီးစဉ်အတွင်း နေမကောင်း ဖြစ်ခဲ့တာလို့ သူ့ရဲ့ ပြောခွင့်ရက ပြောပါတယ်။  လေယာဉ်ကို အွန့်စ်ခ်မြို့မှာ အရေးပေါ် ဆင်းသက်ပြီး အဆိပ်သင့်မှု သံသယနဲ့ အလက်ဇီကို ဆေးရုံဆီ ခေါ်သွားခဲ့တာလို့ သူ့ရဲ့ ပြောခွင့်ရက တွစ်တာနဲ့အင်စတာဂရမ်လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။  “အလက်ဇီဟာ လက်ဖက်ရည်နဲ့ရောထားတဲ့ တခုခုကြောင့် အဆိပ်သင့်ခဲ့တာလို့ ကျမတို့ ယူဆတယ်။ ဒါဟာ ဒီမနက်မှာ သူသောက်တဲ့ တခုတည်းသော အရာပဲ” လို့လည်း အလက်ဇီရဲ့ ပြောခွင့်ရ ကိရာယာမက်ရှ်က ပြောပါတယ်။   
1 year Ago

February 4, 2020

ကနေဒါလေယာဉ် စက်ချို့ယွင်းပြီး မက်ဒရစ်မြို့ လေဆိပ်တွင် အရေးပေါ်ဆင်းသက်

ခရီးသည် ၁၂၈ ယောက် လိုက်ပါလာတဲ့ ကနေဒါလေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၆၇ ခရီးသည်လေယာဉ်ဟာ ဖေဖော်ဝါရီ ၃ ရက်က စပိန်နိုင်ငံ မက်ဒရစ်မြို့ရှိ လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။ တိုရွန်တိုမြို့ကို ထွက်ခွာမယ့်လေယာဉ်ဟာ လွန်ခဲ့တဲ့ ၄ နာရီခန့်က ဘာရာဟတ် လေဆိပ်ကနေ ပျံအတက် လေယာဉ်ဘီး တဘီးပေါက်ခဲ့တယ်လို့ Air Canada က သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက် စက်ချွတ်ယွင်းတယ်လို့ သတင်းပေးပို့ပြီးနောက်မှာ လေယာဉ်က အရေးပေါ် ဆင်းသက်ဖို့ပန်ကြားခဲ့တယ်လို့ စပိန်လေဆိပ် အော်ပရေတာ AENA (အိုင်ယာနာ) က အစောပိုင်းမှာ ပြောပါတယ်။ ဘိုးရင်း ၇၆၇ လေယာဉ်ဟာ လေထဲမှာ ဆီကုန်အောင် မောင်းနှင်ခဲ့ပြီးနောက် လေဆိပ်ကို အန္တရာယ်ကင်းစွာ ပြန်ဆင်းသက်ခဲ့တယ်လို့ Air Canada က ပြောပါတယ်။    လေဆိပ်ကို လေယာဉ်ဆင်းချိန်မှာ မီးသတ်ကားတွေ အမြန်သွားရောက်ခဲ့ပေမယ့် မီးလောင်တဲ့လက္ခဏာမျိုး မတွေ့ရပါဘူး။  လေယာဉ်မှူးနဲ့ လေယာဉ်ဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုကို စပိန်ပို့ဆောင်ရေးဝန်ကြီး ဟိုဆေးလူးဝစ်အတ်ဘာလို့စ်က တွစ်တာကနေ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ စပိန်ရုပ်သံ TVE ရဲ့ လေကြောင်း ကျွမ်းကျင်သူကလည်း လေယာဉ်ဆင်းသက်ပုံက အမှားကင်းတယ်လို့ ပြောခဲ့ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
2 years Ago
More News
Up