စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ဖြေလျှော့နေတာမို့ ဇွန် ၁၉ ရက်က စင်ကာပူနိုင်ငံသားတွေ ဆိုင်မှာ သွားစားတာနဲ့ ဈေးဝယ်ထွက်တာတွေ လုပ်နေကြပါတယ်။
ဧပြီလအစောပိုင်းကစလို့ ဗိုင်းရပ်စ်ထိန်းချုပ်ရေး အစီအမံတွေအရ လူစုလူဝေးကို တားမြစ်ထားတာပါ။
အဲဒီအချိန်တုန်းက မရှိမဖြစ် သုံးရမယ့်ပစ္စည်းဆိုင်တွေကလွဲလို့ လက်လီဆိုင်အကုန်လုံး ပိတ်ခဲ့ရသလို စားသောက်ဆိုင်တွေဆိုလည်း delivery နဲ့သာ လုပ်ကိုင်ခဲ့ရပါတယ်။
ဇွန် ၁၉ ရက်နေ့မှာတော့ အော့ချပ်လမ်းမပေါ်က Rolex နဲ့ Gucci လို နာမည်ကြီး အရောင်းဆိုင်တွေမှာ ဈေးဝယ်သူတွေ တန်းစီနေခဲ့ပါတယ်။
အလားတူ လက်ဖက်ရည်ဆိုင်တွေ ပြန်ဖွင့်ခဲ့ပြီး ဖောက်သည်တွေ လာရောက်အားပေးနေကြ ပါတယ်။
စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူက ၄၁,၀၀၀ ကျော်ရှိပြီး အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အင်ဒိနီးရှားနောက် ဒုတိယအများဆုံးဖြစ်ပါတယ်။
ကူးစက်သူ အများစုဟာလည်း ရွှေ့ပြောင်းလုပ်သား အဆောင်တွေက ဖြစ်တယ်လို့ ရိုက်တာ သတင်းမှာ ရေးသားထားပါတယ်။
8 months Ago