အရုဏ်ဦး သပိတ်

May 1, 2021

မန္တလေးမြို့က အရုဏ်ဦး သပိတ်

မန္တလေးမြို့မှာ အတားအဆီး ဖမ်းဆီးမှုတွေရှိပေမဲ့ မေ ၁ ရက်က မြို့ခံစစ်ကြောင်းတွေ ပူးပေါင်းပြီး အရုဏ်ဦးသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကြောင်း  အဖမ်းဆီးခံပြည်သူများကိုယ်စားပြုသပိတ်စစ်ကြောင်း၊ မဟာအောင်မြေလူထု သပိတ်စစ်ကြောင်း၊ မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂသပိတ်စစ်ကြောင်း၊ အ.ထ.က ၂၆ ကျောင်းသား/သူဟောင်းများ သပိတ်စစ်ကြောင်းတို့ ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပါတယ်။

2 weeks Ago

April 30, 2021

ကညွတ်ကွင်းမြို့က လူငယ်များ အရုဏ်ဦး သပိတ်ပြုလုပ်

ပဲခူးတိုင်း၊ ဖြူးမြို့နယ် ကညွတ်ကွင်းလူငယ်တွေ စုပေါင်းပြီး ဧပြီ ၃၀ ရက်မနက်ပိုင်းက အရုဏ်ဦး သပိတ်လုပ်ပြီးကာ အာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေးနဲ့ စစ်ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေး ကညွတ်ကွင်းမြို့က လူငယ်တွေ နေ့စဉ်ကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပြီး အသံမတိတ် အလံမလိတ်သပိတ်ကို ပြောက်ကျားစနစ်နဲ့ နေ့စဉ် နည်းလမ်းစုံ သုံးပြီး  သုံးကြိမ်ထက် မနည်းဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။

2 weeks Ago
Up