အရုဏ်ဦးသပိတ်

May 9, 2021

အင်းစိန်အရုဏ်ဦးသပိတ်က ကျောင်းသားတစ်ဦး ဖမ်းဆီးခံရ

မေ ၉ ရက်မနက်ပိုင်းကလုပ်တဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ်မှာပါတဲ့ ကျောင်းသား လူငယ်တစ်ယောက်  ဖမ်းဆီးခံလိုက်ရပါတယ်။

အဲဒီသပိတ်ကို စစ်ကောင်စီအဖွဲ့ဝင်တွေက အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေနဲ့ အကြမ်းဖက်ဖြိုခွင်းခဲ့တာလို့ သပိတ်မှာပါဝင်တဲ့ လူငယ်တစ်ဦးက ပြောပါတယ်။

မနက်ပိုင်းမှာ အကြမ်းဖက်ဖမ်းဆီးတာရှိခဲ့ပေမဲ့ အင်းစိန်လူငယ်တွေဟာ နေ့လယ်ပိုင်းမှာ သပိတ်လမ်းကြောင်း ပြန်ထွက်ခဲ့ချိန် စစ်ကောင်စီက ထပ်မံဖြိုခွင်းဖို့ ကြိုးစားပေမဲ့ လူငယ်တွေ အချိန်မီ လူစုခွဲနိုင်ခဲ့ပါတယ်။

4 days Ago

May 2, 2021

စစ်အာဏာရှင်ပြုတ်ကျရေး မြစ်ကြီးနားတွင် မိုးရေထဲ ဆက်လက်ဆန္ဒပြ

စစ်အာဏာရှင်အလိုမရှိကြောင်း မြစ်ကြီးနားမှာ မေလ ၂ ရက်နေ့မနက်က မြစ်ကြီးနားအခြေစိုက်ကျောင်းသားသမဂ္ဂများသပိတ်၊ ပင်မသပိတ်နဲ့ အထွေထွေသပိတ်များ ပူး​ပေါင်းပြီး မိုးရေထဲမှာ ဆက်လက်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။

မြစ်ကြီးနားမြို့က ရပ်ကွက်တွေထဲမှာ ဒီနေ့မနက်ကလည်း အရုဏ်ဦးသပိတ်နဲ့  ပြောက်ကျားသပိတ်များပြုလုပ်ပြီး စစ်အာဏာရှင်ကိုအလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။

2 weeks Ago

စစ်အာဏာရှင်ဆန့်ကျင်ရေး ရွှေဘိုအရုဏ်ဦးသပိတ် ဖြိုခွင်းခံရ

စစ်ကိုင်းတိုင်း ရွှေဘိုမြို့ ပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး အရုဏ်ဦးသပိတ်ကို မေ ၂ ရက်နေ့မနက်စောပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။

ရွှေဘိုပြည်သူတွေရဲ့ အရုဏ်ဦးသပိတ်ကို အကြမ်းဖက်စစ်တပ်နဲ့ရဲတွေ လာရောက်ဖြိုခွင်းခဲ့ပေမဲ့ သပိတ်စစ်ကြောင်းကို အောင်မြင်စွာချီတက်ဆန္ဒပြပြီး လူစုခွဲနိုင်ခဲ့တယ်လို့ သပိတ်ပါဝင်သူတစ်ဦးက ပြောပါတယ်။

2 weeks Ago

မုံရွာနှင့် ရွှေဘိုက အရုဏ်ဦးသပိတ် အကြမ်းဖက်ဖြိုခွင်းခံရ

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ ရွှေဘိုမြို့က အရုဏ်ဦးသပိတ်စစ်ကြောင်းတွေကို စစ်ကောင်စီအကြမ်းဖက်တပ်တွေက အကြမ်းဖက်ဖြိုခွင်းဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ မေလ ၂ ရက်နေ့ ကနဦးသတင်းတွေအရ သိရပါတယ်။

မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ ဘုရာနီလမ်းခေါ် အာဇာနည်လမ်းပေါ်က အရုဏ်ဦးသပိတ်စစ်ကြောင်းကို အကြမ်းဖက် စစ်ကောင်စီတပ်တွေက ပိတ်ဆို့ကာ အကြမ်းဖက် ရိုက်နှက်ဆဲဆိုဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပြီး ပြည်သူ ၃ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဒါ့အပြင် ရွှေဘိုမြို့မှာလည်း အရပ်ဝတ်တွေပါဝင်တဲ့ စစ်ကောင်စီအကြမ်းဖက်တပ်တွေက အရုဏ်ဦးဆိုင်ကယ်သပိတ်စစ်ကြောင်း စုဝေးနေချိန်မှာ ကားနဲ့ဝင်တိုက်ဖမ်းဆီးတာတွေရှိခဲ့ပြီး အများအပြားဖမ်းဆီးခံရတယ်လို့ ကနဦးသိရပါတယ်။ ဖမ်းဆီးခံရသူအရေအတွက် အသေးစိတ်ကိုတော့ မသိရသေးပါဘူး။ 

သပိတ်စစ်ကြောင်း အကြမ်းဖက်ခံခဲ့ရပေမယ့် လူငယ်တွေက ဆက်လက်စုဝေးချီတက်ခဲ့ကြတယ်လို့ သိရပါတယ်။ 

ဒီနေ့က ကမ္ဘာလုံးဆိုင်ရာ မြန်မာ့နွေဦးတော်လှန်ရေးနေ့အဖြစ် အနယ်နယ်အရပ်ရပ်က ပြည်သူတွေ စုပေါင်းကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကန့်ကွက် တော်လှန်တဲ့နေ့လည်း ဖြစ်ပါတယ်။

2 weeks Ago

မိုးကုတ်မြို့တွင် စစ်အာဏာရှင်စနစ် ကျဆုံးရေး အရုဏ်ဦးသပိတ် ပြုလုပ်

မန္တလေးတိုင်း မိုးကုတ်မြို့မှာ မေလ ၂ ရက်နေ့က စစ်အာဏာရှင်စနစ် ကျဆုံးရေး အရုဏ်ဦးသပိ​တ်ကို ရပ်ကွက်ပေါင်းစုံ စုပေါင်းပြီး လူရာနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။

မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက တပ်ဖြန့်ထားပြီး အိမ်တွေထဲ ဝင်ဖမ်းတာ၊ ရပ်ကွက်တွေထဲ အင်အားအလုံးအရင်းနဲ့လာပြီး လိုက်လံစစ်ဆေးတာတွေ ရှိနေပေမယ့် စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် ပြည်သူတွေဟာ ရတဲ့နေရာမှာ ရတဲ့အချိန် ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။

2 weeks Ago
More News
Up