အရီဇိုးနား

August 30, 2018

ဂျွန်မက်ကိန်း ရုပ်အလောင်းကို အရီဇိုးနားပြည်နယ် ဒေသခံများ ဂါရဝပြု

ကွယ်လွန်သွားပြီဖြစ်တဲ့ အမေရိကန် ဝါရင့်နိုင်ငံရေးသမားကြီး အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းရဲ့ ရုပ်အလောင်းကို အရီဇိုးနားပြည်နယ် ဒေသခံတွေက သြဂုတ် ၂၉ ရက်မှာ ဂါရဝပြုခဲ့ကြပါတယ်။ ဂျွန်မက်ကိန်းရဲ့ ရုပ်အလောင်းကို ဖီးနစ်မြို့က ပြည်နယ်လွှတ်တော် အဆောက်အအုံမှာ ထားရှိတာပါ။ ဂျွန်မက်ကိန်းရဲ့ ရုပ်အလောင်းကို အများပြည်သူ ဂါရဝပြုနိုင်ဖို့ ဖီးနစ်မြို့နဲ့ ဝါရှင်တန်မြို့တို့မှာ ၅ ရက်ကြာ ထားရှိမှာ ဖြစ်ပါတယ်။ ဂျွန်မက်ကိန်းရဲ့ ဈာပနကို စက်တင်ဘာ ၁ ရက်နေ့မှာ ဝါရှင်တန်မြို့က National Cathedral ဘုရားကျောင်းမှာ ပြုလုပ်မှာဖြစ်ပါတယ်။ အဲဒီနောက် စက်တင်ဘာ ၂ ရက်နေ့မှာတော့ မေရီလင်းပြည်နယ်၊ အန်နာပိုလစ်မြို့က အမေရိကန် ရေတပ်သင်တန်းကျောင်းမှာ သီးသန့်အခမ်းအနားနဲ့ အလောင်းကို မြှုပ်နှံမှာဖြစ်ပါတယ်။ ဂျွန်မက်ကိန်းဟာ အသက် ၈၁ နှစ်အရွယ်မှာ ဦးနှောက်ကင်ဆာနဲ့ ပြီးခဲ့တဲ့တပတ်တုန်းက ကွယ်လွန်ခဲ့ပါတယ်။
3 years Ago
Up