အရာဝတ္ထုများကပ်နိုင်သည့် လူထူးဆန်း

January 22, 2016

ခန္ဓာကိုယ်တခုလုံး အရာဝတ္ထုများကပ်နိုင်သည့် လူထူးဆန်း (ရုပ်သံ)

အမေရိကန်ပြည်ထောင်စု အီလီနွိုက်စ်က ဂျမီးကီတန်က အရာဝတ္ထုတွေကို ခန္ဓာကိုယ်မှာ ကပ်နိုင်တဲ့ အစွမ်းသတ္တိကို ပိုင်ဆိုင်ထားပါတယ်။ အရာဝတ္ထုတွေကို ခေါင်းမှာ ကပ်ပြတဲ့အတွက်လည်း တရက်ကို ဒေါ်လာ ၁၅၀၀နဲ့ စနေတနင်္ဂနွေမှာ ဒေါ်လာ ၈၀၀၀ လောက်ဝင်ငွေ ရတယ်လို့ ဆိုပါတယ်။ ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ချွေးပေါက်တွေကြောင့် အရာဝတ္ထုတွေ အခုလို ကပ်နိုင်တာလို့ ဆရာဝန်က ရှင်းပြတယ်လို့လည်း ကီတန်က ပြောပါတယ်။ ဒါအပြင် ခန္ဓာကိုယ်အပူချိန်ကလည်း သူများထက်ပူတဲ့အတွက် အရာဝတ္ထုတွေ လာကပ်တာကို အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ မကြာသေးမီက ဘီဂျင်းမှာ သွားရောက်ပြီး ခေါင်းမှာ ပစ္စည်းအမြောက်အမြား ကပ်ပြနိုင်တဲ့သူအဖြစ် ဂင်းနစ် ကမ္ဘာမှတ်တမ်း စာအုပ်မှာ စံချိန်တင်ခဲ့ပါတယ်။ အရာဝတ္ထုတွေ ခန္ဓာကိုယ်မှာ ကပ်နိုင်တာကို ၇ နှစ်သားလောက်က သတိထားမိခဲ့တယ်လို့ ကီတန်က ပြောပါတယ်။ အရုပ်တွေကခေါင်းမှာ ကပ်လေ့ရှိသလို မိဘတွေက သစ်ပင်က အစေးတွေကြောင့် အခုလို ကပ်နိုင်တာလို့ မှတ်ထင်ထားသလို သူကလည်းအဲဒီအချိန်က သိပ်ပြီးတော့ အမှုမထားမိဘူးလို့ ဆိုပါတယ်။
6 years Ago
Up