ထိုင်းနိုင်ငံမှာ ရဲဝန်ထမ်းတွေနဲ့ အရာရှိတွေ ယာဉ်စည်းကမ်း ချိုးဖောက်ခဲ့ရင် ဥပဒေအတိုင်း ဖမ်းဆီးမှုတွေ ပြုလုပ်နေတဲ့ အသက် ၅၀ လောက် အရွယ် ရဲဝန်ထမ်းတဦး ထိုင်းလူမှုကွန်ရက်မှာ နာမည်ကြီးနေပါတယ်။
ရဲအရာရှိ စံခုန်ဟာ ယာဉ်စည်းကမ်းချိုးဖောက်တဲ့ ပြည်သူတွေကိုသာမက ရဲအရာရှိတွေကိုလည်း အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေတာကြောင့် လူသိများလာပြီး ပြည်သူလူထုက အသိအမှတ်ပြု ထောက်ခံခဲ့ကြပါတယ်။
ရဲအရာရှိက “'ကျနော် တာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာ ပြည်သူပဲ ဖြစ်ဖြစ်၊ ရဲဝန်ထမ်းတွေ ဖြစ်ဖြစ် အားမနာဘူး၊ ယာဉ်စည်းကမ်း ချိုးဖောက်ရင်တော့ မျှမျှတတ အရေးယူရမှာပဲ” လို့ ပြောပါတယ်။
ဒါ့အပြင် သူက “ဥပဒေကို လေးစား လိုက်နာရမယ်၊ မဟုတ်ရင် ဘာဖြစ်လို့ ဒီလို ရဲဝတ်စုံကြီးကို ၀တ်နေစရာလည်း မလိုဘူး' လို့ ပြောကြောင်း ဒေးလီအင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ပြည်သူတွေကလည်း တနိုင်ငံလုံးမှာ ရှိတဲ့ ထိုင်းရဲတွေ အနေနဲ့လည်း အဲဒီရဲအရာရှိကို အတုယူသင့်ကြောင်း ပြောဆိုနေကြတယ်လို့ ဆိုပါတယ်။
သူဟာ စံခလဘူရီမြို့နယ်က ကြီးပြင်လာတာဖြစ်ပြီး လက်ရှိမှာတော့ ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဌာနီမှာ တာဝန်ကျနေပါတယ်။
ဓာတ်ပုံ - dailynews
7 years Ago