အရပ်သားများကိုပစ်သတ်မှု

A d v e r t i s e m e n t With Us

June 9, 2020

ကင်ညာမြို့တော်တွင် ရဲတပ်ဖွဲ့က အရပ်သားများကိုပစ်သတ်မှုကို ကန့်ကွက် ဆန္ဒပြ

ကင်ညာနိုင်ငံရဲ့ မြို့တော်နိုင်ရိုဘီက မာဆာဟဲ ဆင်းရဲသားရပ်ကွက်မှာ ရာချီတဲ့လူတွေ ဇွန် ၈ ရက်က ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံတဝန်း အသွားအလာ ကန့်သတ်ချက်အမိန့်နဲ့ ညမထွက်ရအမိန့်တွေကို အာဏာတည်အောင် အကောင်အထည်ဖော်တဲ့ ရဲတွေက အရပ်သားတွေကို သတ်နေတယ်ဆိုပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။ ဗိုင်းရပ်စ်ကူးစက်မှု ရပ်တန့်ရေး ညမထွက်ရအမိန့်နဲ့ အသွားအလာ ကန့်သတ်ချက်တွေ ချမှတ်ထားချိန်အတွင်း ရဲတွေကြောင့် လူ ၁၅ ဦးထက်မနည်း သေဆုံးပြီး ၃၁ ယောက် ဒဏ်ရာရတယ်လို့ လွတ်လပ်တဲ့ မူဝါဒကြီးကြပ်ရေးအာဏာပိုင်အဖွဲ့ (IPOA) က ပြောပါတယ်။ ဇွန် ၈ ရက် ဆန္ဒပြပွဲအတွင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ ပါဝင်ပြီး ဆောင်ပုဒ်တွေ ကြွေးကြော်ရင်း သီချင်းတွေကို သီဆိုခဲ့ပါတယ်။ ဆန္ဒပြသူတွေက တရားမျှတမှုအတွက် ဆော်သြခဲ့ပြီး ဆင်းရဲသားတွေကို ပိုကောင်းကောင်း ဆက်ဆံဖို့လည်း တောင်းဆိုခဲ့ပါတယ်။ မတ်လကုန်တည်းက တိုင်စာ ၈၇ စောင်ကို (IPOA)က လက်ခံရရှိထားပါတယ်။ ကင်ညာ ရဲအရာရှိ ၆ ယောက်ကိုလည်း လူသတ်မှုနဲ့ တိုက်ခိုက်မှု သံသယနဲ့ တရားစွဲထားပါတယ်။
9 months Ago
Up