အရပ်ဝတ်ဖြင့် လိုက်လံပစ်ခတ်

March 30, 2021

မြင်းခြံ၌ အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်ဝတ်ဖြင့် လိုက်လံပစ်ခတ်၊ ပြည်သူ ၃ ဦးကျဆုံး

မန္တလေးတိုင်း မြင်းခြံမြို့မှာ မတ်လ၂၈ ရက်နဲ့ ၂၉ ရက်နေ့တွေက အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်သားတွေက အရပ်ဝတ်တွေနဲ့ ရပ်ကွက်လမ်းတွေထဲအထိ လိုက်လံပစ်ခတ်နေကြပါတယ်။

ဒီလို အကြမ်းဖက်ပစ်ခတ်မှုကြောင့် မတ်လ ၂၈ ရက်နေ့က အသက် ၂၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ယောက် အပါအဝင် ၂ ယောက် ကျဆုံးခဲ့ပြီး ဒီကနေ့ ၂၉ ရက်နေ့မှာတော့ ဆန္ဒပြပြည်သူ ၃ ယောက် ကျဆုံးခဲ့တာပါ။

စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် မြင်းခြံမြို့မှာ မတ်လ ၂၉ ရက်နေ့ထိ ပြည်သူ ၁၈ ယောက် ကျဆုံးခဲ့ပါတယ်။

1 month Ago
Up