အရပ်သား ၃၈ ဦး သေဆုံး

February 12, 2017

ကချင်နှင့် ရှမ်းမြောက် တိုက်ခိုက်မှုအတွင်း အရပ်သား ၃၈ ဦး သေဆုံး

ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသက တိုက်ခိုက်မှုများအတွင်း အရပ်သား ၃၈ ဦးသေဆုံးပြီး၊ ၁၃၇ ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီ ၁၁ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရသူ  ၂၂၆ ဦး၊ ပြည်သူပိုင် အဆောက်အဦ ၁၇ လုံး၊ ယာဉ်မျိုးစုံ ၁၄ စီး၊ ဘက်ဟိုး ၅ စီး၊ တာယာမျိုးစုံ အလုံး၂၀၀  နဲ့  တံတားတစ်စင်း မီးလောင်ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။ ကချင်နဲ့ ရှမ်းမြောက်ဒေသမှာ နိုဝင်ဘာ ၂၀ ရက်ကစလို့ ကေအိုင်အေ၊ အမ်အန်ဒီဒီအေ၊ အေအေနဲ့ တီအန်အယ်လ်အေ ၄ ဖွဲ့ပေါင်း မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ စတင်ခဲ့ပြီး ဒီနေ့ထိလည်း တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတုန်း ဖြစ်ပါတယ်။
4 years Ago
Up