မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
မြန်မာသတင်း
နိုင်ငံရေး
စီးပွားရေး
ကျန်းမာရေး
လူမှုရေး
ပညာရေး/နည်းပညာ
ငြိမ်းချမ်းရေး/စစ်ရေး
သဘာဝပတ်ဝန်းကျင်/ရာသီဥတု/မိုးလေဝသ
အလုပ်သမား/ရွှေ့ပြောင်းလုပ်သား
စိုက်ပျိုးရေး/တောင်သူလယ်သမား
မှုခင်း/မူးယစ်ဆေး
လွှတ်တော်/ဥပဒေရေးရာ
အမျိုးသမီး/လူငယ်
သတင်းမီဒီယာ
တိုင်းရင်းသား
အနုပညာ
နိုင်ငံတကာ
အားကစား
ONE CHAMPIONSHIP
ဆောင်းပါး
မေးမြန်းခန်း
သုံးသပ်ချက်
အယ်ဒီတာအာဘော်
ရင်ဖွင့်စာ/ပေးစာ
ရွေးကောက်ပွဲ
၂၀၂၀ ရွေးကောက်ပွဲ
စဉ်းစဉ်းစားစား မဲတပြား
Any Questions?
Election Bus
Party Profiles
Your Vote
My Vote
2020 Election Website
Eng
x
Search
အရန်ရိက္ခာ
Home
အရန်ရိက္ခာ
A
d
v
e
r
t
i
s
e
m
e
n
t
With Us
April 4, 2020
560
ဧရာဝတီတိုင်းတွင် COVID-19 ဆေးပစ္စည်းနှင့်အရန်ရိက္ခာဝယ်ယူရန် သိန်း ၅၀၀၀ သုံးမည်
ဧရာဝတီတိုင်းအတွင်း COVID-19 ရောဂါပိုးတွေ့ရှိသူ တွေ့ရှိပါက ကုသနိုင်ရေးအတွက် လိုအပ်တဲ့ ဆေးပစ္စည်းတွေ ဝယ်ယူဖို့နဲ့ အရန်ရိက္ခာဝယ်ယူဖို့ အသုံးစရိတ် သိန်း ၅၀၀၀ အသုံးပြုသွားမယ်လို့ တိုင်းအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်း ရောဂါပိုးတွေ့ရှိသူ ရှိလာရင် ကုသရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် ပုသိမ်၊ ဖျာပုံနဲ့ ဟင်္သာတဆေးရုံတွေကို ပြင်ဆင်ထားပြီး ဆေးရုံမှာ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ ဝယ်ယူဖို့ သိန်း ၃၀၀၀ နဲ့ အရန်ရိက္ခာဝယ်ယူဖို့အတွက် သိန်း ၂၀၀၀ အသုံးပြုသွားမယ်လို့ တိုင်းအစိုးရအဖွဲ့က လျှပ်စစ် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက DVB ကို ပြောပါတယ်။
“ရောဂါတွေ့ရှိလာရင် ကုသဖို့အတွက်က အရေးကြီးတာက အသက်ရှူစက်ပါ။ အဲဒီတော့ ပြင်ဆင်ထားတဲ့ ဆေးရုံတွေမှာ အသက်ရှူစက်နဲ့ အခြားဆေးဝါးတွေဝယ်ယူဖို့ သိန်း ၃၀၀၀ ထောင်နဲ့ အရန်ရိက္ခာစုဆောင်းဖို့အတွက် သိန်း ၂၀၀၀ အသုံးပြုသွားဖို့ ဒီနေ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။”
COVID-19 ရောဂါပိုးတွေ့ရှိသူ ဧရာဝတီတိုင်းအတွင်း ရှိလာခဲ့ရင် ကုသရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် ပုသိမ်၊ ဖျာပုံနဲ့ ဟင်္သာတခရိုင် ဆေးရုံကြီး ၃ ရုံကို ပြင်ဆင်ထားပေမယ့် ဆေးရုံမှာ လိုအပ်ချက်တွေရှိ နေသေးတာကြောင့် အသက်ရှူစက်တွေနဲ့ အခြားဆေးဝါးပစ္စည်းတွေ ဝယ်ယူဖို့ ဧပြီလ ၃ ရက်နေ့က တိုင်းအစိုးရအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ သိန်း ၅၀၀၀ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သဘာဝဘေးအန္တရာယ် အရေးပေါ်ရန်ပုံငွေကနေ သုံးစွဲသွားမှာလို့ ဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။
ဒါ့အပြင် တိုင်းအစိုးရအနေနဲ့ မြို့နယ်အလိုက် Covid-19 ရောဂါကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အသုံးပြုသွားနိုင်ဖို့အတွက်လည်း ၁ မြို့နယ်ကို သိန်း ၁၂၀ နှုန်းပေးမယ်လို့ ဆိုပါတယ်။
“သင်္ကြန်အတွက် သိန်း ၂၀ ကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းနဲ့အညီပေးမယ်၊ နောက်ထပ် တိုင်းအစိုးရအဖွဲ့ရဲ့ သဘာဝဘေးရန်ပုံငွေထဲကနေ သိန်း ၁၀၀ ပေးမယ်၊ စုစုပေါင်း မြို့နယ် ၁ မြို့နယ်ကို သိန်း ၁၂၀ စီ ရောဂါကာကွယ်ရေးလုပ်ငန်းတွေ အသုံးပြုဖို့ ပေးအပ်သွားမယ်။”
ဧရာဝတီတိုင်းမှာ Covid-19 ရောဂါပိုးတွေ့ရှိသူ မရှိသေးပေမယ့် ပြည်ပနိုင်ငံတွေက ပြန်လာ သူတွေကို ၁၄ ရက် စောင့်ကြည့်တဲ့ Facility Quarantine Center ၃၁၇ နေရာဖွင့်လှစ်ထားပြီး လူဦးရေ ၂၂၃၅ ဦးကို စောင့်ကြည့်တာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မင်းထက်မုန်း (ပုသိမ်)
11 months Ago
© Copyright 2020 DVB Designed and Developed by
Digit X Myanmar
.
Up