အရန်မီးသတ်စခန်း

May 11, 2021

မဟာအောင်မြေမြို့နယ်၊ အရန်မီးသတ်စခန်းကို အကြမ်းဖက်တပ်ဖွဲ့က စီးနင်းရှာဖွေ

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် ၃၅၊ ၃၆လမ်း၊ ၅၈၊ ၅၇လမ်းက အရန်မီးသတ်တပ်ဖွဲ့စခန်းကို မေလ ၁၁ ရက် ဒီနေ့ ညနေ ၆ နာရီမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အကြမ်းဖက်စီးနင်းဝင်ရောက်ရှာဖွေခဲ့ပါတယ်။

မီးသတ်ရုံးက ဆန္ဒပြထွက်တဲ့ဝန်ထမ်းတွေကို အိမ်စီးကားနှစ်စီးနဲ့ အရပ်ဝတ်လက်နက်ကိုင်တပ်ဖွဲ့တွေက  လာရှာတာဖြစ်ပြီး သူတို့လိုချင်တဲ့သူကိုတော့ တွေ့မသွားဘူးလို့  ရပ်ကွက်နေသူတွေက ပြောပါတယ်။

မီးသတ်စခန်းထဲက အဝတ်အစားနဲ့ တွေ့သမျှ ပစ္စည်းတွေကို သက်သေခံပစ္စည်းအဖြစ် ယူဆောင်သွားကြတယ်လို့သိရပါတယ်။

7 months Ago
Up