အရန်မီးသတ်

December 5, 2020

မန္တလေးတွင် အရန်မီးသတ် တပ်ကြပ်ကြီး ၁ ဦး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံး

မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ ကိုဗစ်-၁၉ ရောဂါနဲ့ ဆေးရုံတက်နေရတဲ့ အရန်မီးသတ်စခန်းမှ တပ်ကြပ်ကြီး ၁ ဦး ဒီဇင်ဘာ ၃ ရက်နေ့ ညနေ ၅ နာရီလောက်က သေဆုံးခဲ့ပါတယ်။ သေဆုံးသူဟာ ချမ်းအေးသာစံမြို့နယ် ကျောက်ဆစ်မီးသတ်စခန်းက ၆၁ နှစ်အရွယ် တပ်ကြပ်ကြီးဖြစ်ပါတယ်။ နိုဝင်ဘာ ၂၅ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ တွေ့ရှိခဲ့ကာ  သွေးတိုးရောဂါ အခံရှိသူဖြစ်တယ်လို့ ကန်တော်နဒီဆေးရုံ တာဝန်ခံ ဒေါက်တာသက်ပိုင်ဦးက ပြောပါတယ်။ သေဆုံးသူ အရန်မီးသတ် တပ်ကြပ်ကြီးကို ကိုဗစ်စည်းမျည်းတွေနဲ့အညီ သင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ကလည်း ဆီးချိုရောဂါ အခံရှိတဲ့ မန္တလေးခရိုင် ရဲတပ်ဖွဲ့က တာဝန်ထမ်းဆောင်နေတဲ့  အသက် ၄၄ နှစ်အရွယ် ရဲတပ်ကြပ်တစ်ဦး ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးခဲ့ပါသေးတယ်။ မန္တလေးတိုင်းဒေသကြီးမှာ ဒီဇင်ဘာ ၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၆၇၅၃ ဦးရှိပြီး မန္တလေးခရိုင်တစ်ခုတည်းမှာတင် အတည်ပြုလူနာ ၅၄၂၁ ဦးရှိပါတယ်။  သေဆုံးသူကတော့ မန္တလေးတိုင်းတစ်တိုင်းလုံးမှာ ၆၇ ဦးထိရှိပြီး လက်ရှိ ဆေးရုံတက်နေရသူကတော့ ၂၃၀၄ ဦး ရှိတယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
5 months Ago
Up