ပရီးမီးယားလိဂ်ကလပ်တွေရဲ့ အိမ်ကွင်းတချို့ကို အရန်ဆေးရုံတွေအဖြစ် အသုံးပြုခွင့်ပေးရဖို့ ရှိနေပါတယ်။
ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၈၀၀၀ ကျော်နဲ့ သေဆုံးသူ ၃၆၀၀ ကျော်လာတာကြောင့် ဘောလုံးကွင်းတချို့ကိုပါ အသုံးပြုလာရတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းရဲ့ အီတီဟတ်ဘောလုံးကွင်းကိုတော့ အမျိုးသားကျန်းမာရေးဝန်ဆောင်မှု NHS အဖြစ်ထားရှိပြီး သူနာပြုတွေနဲ့ ဆရာဝန်တွေကို ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပေးနေပါတယ်။
စပါးအသင်းရဲ့ အိမ်ကွင်းမှာတော့ ဗိုင်းရပ်စ်စစ်ဆေးမှုဌာနခွဲတခုအနေနဲ့ အသုံးပြုတော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် မန်ယူအသင်းရဲ့အိမ်ကွင်း အိုးထရက်ဖို့ဒ်၊ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်း အီမရိတ်နဲ့ ချဲလ်ဆီးအသင်းရဲ့ အိမ်ကွင်း စတန်းဖို့ဒ်ဘရစ်ချ်တို့ကိုလည်း ဆေးဝါးသိုလှောင်ရာဌာနနဲ့ တခြားလိုအပ်တာတွေကို အသုံးပြုနိုင်ဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။
11 months Ago