အရန်စားအုံးဆီ

May 6, 2021

ဝယ်သူမရှိသဖြင့် မန္တလေးတိုင်း အရန်စားအုံးဆီများ ဒုတိယအကြိမ် လေလံပြန်ပစ်မည်

မန္တလေးတိုင်း‌အတွက် ထားရှိတဲ့ အရန်စားအုံးဆီတွေကို စစ်ကောင်စီရဲ့ စီမံမှုနဲ့ ပထမအကြိမ် လေလံပစ်ရောင်းချရာမှာ ဝယ်ယူမယ့်သူ မရှိတဲ့အတွက် ဒုတိယအကြိမ် လေလံပစ်ရောင်းချဖို့ ကြံစည်နေတယ်လို့ ဆီလုပ်ငန်းရှင် တွေထံက သိရပါတယ်။

ဒုတိယအကြိမ် လေလံပွဲကို အခုရက်ပိုင်းအတွင်း လုပ်ဆောင်မှာဖြစ်ပြီး ပိဿာချိန် ၁၀ ပါ ဆီပုံး ၉ သောင်းကျော်ကို လေလံရောင်းချမယ်လို့ သိရပါတယ်။

ဆီတစ်ပုံးကို သုံးသောင်းကျော် ပေါက်ဈေးရှိပြီး အဆိုပါ ဆီတွေကိုသာ ဝယ်ယူမယ့်သူတွေရှိပါက အာဏာသိမ်းစစ်ကောင်စီအတွက် ရန်ပုံငွေ ကျပ်သိန်းပေါင်း ၂ သောင်း ၇ ထောင်ကျော်ရသွားနိုင်တယ်လို့ ဆီကုန်သည်တွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ စီမံမှုနဲ့ အခုလို နိုင်ငံ့ အရန်ဆီတွေ ရောင်းချနေတာကို ဆီလုပ်ငန်းရှင်အများစု အနေနဲ့ လေလံ မဆွဲဖို့လိုတယ်လို့ ဆီကုန်သည်တွေက တိုက်တွန်းထားပါတယ်။

1 week Ago

March 26, 2021

NLD အစိုးရဝယ်ထားသည့် အရန်စားအုံးဆီများ အကြမ်းဖက်စစ်ကောင်စီ ထုတ်ရောင်းမည်

NLD အစိုးရလက်ထက် ဝယ်ယူထားခဲ့တဲ့ နိုင်ငံတော်အတွက် သိုလှောင်ထားတဲ့ အရန် စားအုန်းဆီတွေကို စစ်ကောင်စီက ထုတ်ရောင်းဖို့ လုပ်ဆောင်နေတယ်လို့ ဆီလုပ်ငန်းရှင်တွေထံက သိရပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်မှု ဦးစီးဌာနတွေက ဒေသအလိုက် တာဝန်ယူ ရောင်းချမှာ ဖြစ်ပြီး မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်း အပါအဝင် အခြားတိုင်းနဲ့ ပြည်နယ်တွေက အရန်ဆီတွေကိုလည်း ရောင်းချနိုင်တယ်လို့ သိရပါတယ်။

မန္တလေးတိုင်းမှာတော့ စားအုံးဆီ အချိန် ၁၀ ပိဿာပုံး ကိုးသောင်းကျော်ရှိကြောင်းနဲ့ အဆိုပါဆီတွေကို ခရိုင်မြို့ကြီးတွေမှာပါ နေရာခွဲထားရှိထားတယ်လို့လည်း ဆက်လက် သိရပါတယ်။

2 months Ago
Up