အရန်ဂိုးသမား

A d v e r t i s e m e n t With Us

April 10, 2020

လီဗာပူးတွင် ပျော်ရွှင်နေကြောင်း ဂိုးသမား အက်ဒရီယန်ပြော

အရန်ဂိုးသမားဖြစ်နေရပေမယ့် လီဗာပူးအသင်းမှာ ပျော်ရွှင်နေတယ်လို့ ဂိုးသမားအက်ဒရီယန်က ပြောပါတယ်။  စပိန်ဂိုးသမားအက်ဒရီယန်ဟာ အခုနှစ်ဘောလုံးရာသီအစကမှ ဝက်စ်ဟမ်းအသင်းကနေ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ရောက်ရှိလာတာပါ။  အဓိက ဂိုးသမား အလက်ဆန် ဒဏ်ရာရခဲ့တာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် ၁ မှာပဲ အက်ဒရီယန်က ပွဲထွက်ကစားခွင့်ရခဲ့ပါတယ်။  ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ ဥရောပစူပါဖလားမှာ လက်စွမ်းပြခဲ့ကာ ဆုဖလားရရှိအောင်စွမ်းဆောင်ပြခဲ့ပြီး စုစုပေါင်း ၁၈ ပွဲကစားပေးခဲ့ပါတယ်။  ဂိုးသမားအလက်ဆန်ဟာ နံပါတ်တစ်နေရာနဲ့ ထိုက်တန်တဲ့ လက်စွမ်းရှိတာကြောင့် သူ့အနေနဲ့ အရန်ခုံမှာ ထိုင်နေရပေမယ့် ပျော်ရွှင်တယ်လို့ အက်ဒရီယန်ကဆိုပါတယ်။  အက်ဒရီယန်ဟာ အသင်းနဲ့ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လီဗာပူးက ၁ နှစ်သက်တမ်းတိုးဖို့ ရှိနေပါတယ်။ 
11 months Ago
Up