အရန်ခုံတွင် ထိုင်နေရသည့် ချိန်ဘာလိန်ကို လီဗာပူးနည်းပြ အားပေးစကားပြော

September 20, 2017

အရန်ခုံတွင် ထိုင်နေရသည့် ချိန်ဘာလိန်ကို လီဗာပူးနည်းပြ အားပေးစကားပြော

ကစားသမားသစ် ချိန်ဘာလိန်အနေနဲ့ အရန်ခုံမှာ ထိုင်နေရတဲ့အပေါ် စိုးရိမ်မှုမရှိဖို့ နည်းပြ ဂျာဂန်ကလော့ပ်က အားပေးစကား ပြောကြားလိုက်ပါတယ်။ အင်္ဂလန်ကစားသမား ချိန်ဘာလိန်ဟာ အာဆင်နယ်အသင်းကနေ လီဗာပူးအသင်းဆီ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လီဗာပူးအသင်းမှာ ပွဲထွက်ခွင့်မရသေးဘဲ ဖြစ်နေတာပါ။ ဒီလို ပွဲထွက်ခွင့်မရတာဟာ သူ့ရဲ့ခြေစွမ်းကြောင့်မဟုတ်ဘဲ မကြာမီမှာ ပွဲထွက်ခွင့်ပေးဖို့ရှိတယ်လို့ ဂျာဂန်ကလော့ပ်က ပြောပါတယ်။ တောင်ပံကစားသမား ချိန်ဘာလိန်ဟာ အာဆင်နယ်က လီဗာပူးကို ၄ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ပြီးနောက်မှာ လီဗာပူးအသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။ ချိန်ဘာလိန်အနေနဲ့ လီဗာပူးနဲ့အတူ ကစားခဲ့တဲ့ ၃ ပွဲမှာ နိုင်ပွဲမရသေးတာနဲ့ ပတ်သက်ပြီး အသင်းပြောင်းရွှေ့လာတာဟာ မှားယွင်းတဲ့ဆုံးဖြတ်ချက် မဟုတ်ဘူးလို့လည်း ဂျာဂန်ကလော့ပ်က အားပေးစကား ပြောကြားခဲ့ပါတယ်။
4 years Ago
Up