အရက်သမား

April 19, 2021

ပုသိမ်မြို့တွင် အရက်သမား ၁ ဦးကို စစ်တပ်က သေနတ်ဖြင့်လိုက်လံပစ်ခတ်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက်က တကောင်းဘုရားအနီး လူနေရပ်ကွက်ထဲမှာ  ဧပြီ ၁၈ ရက် ည ၉ နာရီဝန်းကျင်လောက်က စစ်တပ်က  သေနတ်သံ ၁၀ ချက်လောက် ပစ်ဖောက်ခဲ့တယ်လို့  ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

တကောင်းဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ရန်စပြီး ထွက်ပြေးသွားတဲ့ အရက်သမား ၁ ဦးကို စစ်သား အယောက် ၃၀ လောက်ဝိုင်းလိုက်ရင်း သေနတ်တွေနဲ့ ဝိုင်းပစ်ကြတာဖြစ်နိုင်တယ်လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

ရန်စတဲ့ အရက်သမားက လွတ်မြောက်သွားတဲ့အတွက် လမ်းတွေက အိမ်တွေကို ဆဲဆိုပြီး လမ်းမကြီးအတိုင်း ပစ်ခတ်သွားသလို ပြည်သူတွေကို အော်ဟစ်ဆဲဆိုခြိမ်းခြောက်တာတွေလည်း ပြုလုပ်သွားတယ်လို့ သိရပါတယ်။

ဧပြီလ ၁၆ ရက်နေ့ကလည်း တကောင်းဘုရားမှာတပ်စွဲထားတဲ့  စစ်သားအချင်းချင်းစကားများပြီး သေနတ်ပစ်ဖောက်တာတွေ ရှိခဲ့ပါတယ်။

8 months Ago
Up