အရက်ကြောင်

December 17, 2020

မြစ်ကြီးနားတွင် အရက်ကြောင်ပြီး ကလေးကိုဓားထောက် ခေါ်ဆောင်သွားသူ ၁ ဦးဖမ်းမိ

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်မှာ  ဒီဇင်ဘာ ၁၆ ရက်မနက်က  ရေခဲခြစ်ဝယ်စားနေတဲ့ ကလေးငယ် တယောက်ကို  တဝင်းထဲမှာ အိမ်အတူတူငှားနေတဲ့ အမျိုးသားတယောက်က အရက်ကြောင်ပြီး ကလေးကို ဓားထောက်ကာ ခေါ်ဆောင်ထွက်ပြေးသွားလို့  ရဲနဲ့ပြည်သူတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့ရပါတယ်။ နယ်မြေရဲစခန်းက ရဲအုပ်ကျော်ဇေယျက “ကလေးမိဘတွေက အပြင်သွား​ နေချိန်မှာ (၇နှစ်) ကလေးလေးက ရေခဲခြစ်ထွက်ဝယ်တာကို တဝင်းထဲအိမ်အတူတူ ငှားနေတဲ့သူက ဓားနဲ့ထောက်ပြီး ပွေ့ခေါ်ထွက်ပြေးတာပေါ့။ သူက ရည်ရွယ်ချက်ရှိရှိလုပ်တာတော့ မဟုတ်ဘူး။ ကလေးကို ရောင်းစားဖို့ ငွေကြေးရလိုမှုတွေကြောင့် ခြိမ်းခြောက်ခေါ်ဆောင်သွားတာ မဟုတ်ဘူး။ ရုတ်တရက် အရက်ကြောင်ပြီး ကောက်ခေါ်သွားတဲ့ အချိန်မှာ ရဲတွေနဲ့ရပ်ကွက်ပြည်သူတွေ အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းဖမ်းဆီးခဲ့တာပါ”လို့ ပြောပါတယ်။ အဲ့ဒီကလေးကို ဖမ်းဆီးခေါ်ဆောင်သွားသူဟာ ကျပန်းအလုပ်လုပ်ပြီး အမျိုးသမီးဖြစ်သူနဲ့ မကြာခဏ စကားများရန်ဖြစ်တတ်တယ်လို့လည်း အိမ်နီးနားချင်းတွေထံကနေ သိရပါတယ်။ ကလေးကိုခေါ်ဆောင်ထွက်ပြေးခဲ့တဲ့ အောင်ထွန်းနိုင်ကို မြစ်ကြီးနားမြို့ နယ်မြေရဲစခန်းမှာ ကလေးငယ်ကိုဘေးအန္တရာယ်နဲ့ အသက်အန္တရာယ်ဖြစ်အောင် ပြုလုပ်မှု၊ လက်နက်ကိုင်ဆောင်မှုတို့နဲ့  ဖမ်းဆီး အရေးယူထားပါတယ်။ သတင်း - မီးမီး
1 year Ago

February 20, 2020

မင်းကင်းတွင် အရက်ကြောင်ပြီး ပုဆိန်ဖြင့်ခုတ်သတ်မှုကြောင့် ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ကမ်းပြည့်ကျေးရွာမှာ အရက်ကြောင်‌နေတဲ့လူတဦးက ပုဆိန်နဲ့ ခုတ်သတ်တာကြောင့် လမ်းလျှောက်နေသူတဦး သေဆုံးသွားပါတယ်။ ဖေဖော်ဝါရီ ၁၉ ရက်နေ့က အသက် ၅၀ ကျော်အရွယ် မြင့်ဆွေဆိုသူက အရက်ကြောင်ကာ ရွာလယ်လမ်းအတိုင်း လမ်းလျှောက်လာတဲ့ တရွာတည်း အသက် ၆၈ နှစ်အရွယ် ဦးမောင်အိဆိုသူကို နေအိမ်ကနေထွက်ပြီး ကိုင်ဆောင်လာတဲ့ ပုဆိန်နဲ့ ခုတ်သတ်ခဲ့တာလို့ ရဲတပ်ဖွဲ့က သိရပါတယ်။ ဒီဖြစ်စဉ်ကြောင့် ဦးမောင်အိမှာ နောက်စေ့ ပေါက်ပြဲဒဏ်ရာ ၂ ချက်၊ ညာဘက်မျက်ခုံးအထက် ချိုင့်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိပြီး နေရာတင် သေဆုံးသွားပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြစ်မှုကျုးလွန်သူ မြင့်ဆွေကို မင်းကင်းမြို့မရဲစခန်းက ဖမ်းဆီးပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
2 years Ago
Up