အရက်ကြောင်ပြီး

February 23, 2019

အရက်ကြောင်ပြီး သား ၂ ယောက်ကို ဖခင်က သတ်ဖြတ်

အဖေဖြစ်သူ အရက်ကြောင်ပြီး သားအမြွှာ နှစ်ယောက်ကို လည်ပင်းညှစ်သတ်ဖြတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ မန္တလေး အမရပူရမြို့နယ်၊ တောင်သမန်ရွာမှာ မနေ့ မနက် အစောပိုင်း ၁၂ နာရီကျော်က ဖြစ်ခဲ့တာပါ။ အသက် ၃၆ နှစ်အရွယ် သိန်းဝင်း (ခ) သိန်းဦးဟာ လွန်ခဲ့တဲ့ ၃၊ ၄ ရက်ကစပြီး အရက်ဖြတ်ထားလို့ အရက်ကြောင်ကြောင်ပြီး အော်ဟစ်နေတာကြောင့် ဇနီးဖြစ်သူ မခိုင်လဲ့ဖြိုး(ခ)မဖြိုးဝေနဲ့ စကားများ ရန်ဖြစ်ခဲ့ပါတယ်။ ခင်ပွန်းက ရန်ပြုမှာကို စိုးလို့ မခိုင်လဲ့ဖြိုးဟာ အသက် ၆ နှစ်အရွယ် သမီးဖြစ်သူကိုခေါ်ပြီး အိမ်ကနေ ဆင်းပြေးခဲ့ပြီး အိမ်မှာ အသက် ၄ နှစ်အရွယ် မောင်ဇာနည်ထွန်းနဲ့  မောင်ဇေယျာထွန်းတို့ ကျန်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သိန်းဝင်း(ခ) သိန်းဦးဟာ သားနှစ်ယောက်ကို ပွေ့ချီကျောပိုးခေါ်ဆောင်သွားပြီး ရတနာပုံတက္ကသိုလ်၊ နံ့သာဆောင်နောက်ကျောလမ်းဘေးမှာ  ပါးစပ်ပိတ် လည်ပင်းညှစ် သတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကို တိုင်တန်းလာလို့ သိန်းဝင်း(ခ)သိန်းဦးကို အမရပူရမြို့မရဲစခန်းမှာ လူသတ်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အရေးယူထားတယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
3 years Ago

March 17, 2017

အရက်ကြောင်ပြီး အမေနှင့်အစ်မကို ဓားဖြင့် ခုတ်မှုဖြစ်ပွား

တောင်ကြီးမြို့ ဖာမွန်းကျေးရွာအုပ်စု ဂနိုင်ငယ် အရှေ့ရွာမှာ မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက ခွန်သိန်းဟန်ဆိုသူက အရက်ကြောင်ပြီး အမေနဲ့အစ်မတို့ကို ဓားနဲ့ခုတ်လို့ အမေဖြစ်သူ အချင်းဖြစ်နေရာမှာ သေဆုံးသွားပါတယ်။ ဖြစ်စဉ်မှာ မတ်လ ၁၆ ရက် မနက် ၇ နာရီအချိန်က ခွန်သိန်းဟန်ဟာ အရက်ကြောင်ပြီး မိခင်ဖြစ်သူ ဒေါ်နန်းကြည်ကို မီးဖိုချောင်မှာ ညာဘက် ပါးပြင်နဲ့ နောက်စေ့ကို ဓားနဲ့နှစ်ချက်ခုတ်ခဲ့တာကြောင့် သေဆုံးသွားတာလို့ ရဲစစ်ချက်အရ သိရပါတယ်။ အစ်မဖြစ်သူနန်းတင်ကတော့ အောက်ဘက်နှုတ်ခမ်းနဲ့ လည်ပင်းဓားဒဏ်ရာတို့မှာ ဒဏ်ရာ ရရှိခဲ့ပြီး စစ်စံထွန်းဆေးရုံမှာ ပို့ဆောင်ကုသပေးထားတယ်လို့ ဆိုပါတယ်။ မိခင်နဲ့ အစ်မကို ဓားနဲ့ခုတ်ခဲ့တဲ့ ခွန်သိန်းဟန်ဟာ မိမိကိုယ်မိမိ ဦးခေါင်းကို ဓားနဲ့ပြန်ခုတ်လို့ ဆေးရုံတင် ကုသထားရပါတယ်။ တရားခံ ခွန်သိန်းဟန်ကို ညီဖြစ်သူ ခွန်မောင်ယဉ်က တရားလိုလုပ်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၃၀၉ နဲ့ မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားကြောင်း သိရပါတယ်။ ခွန်ရာဇာ ဓာတ်ပုံ-ရဲစခန်း
5 years Ago
Up