အရက်သောက်သည့် ထိုင်း ကျောင်းထိုင်ဘုန်းကြီးကို လူဝတ်လဲ

May 25, 2016

အရက်သောက်သည့် ထိုင်း ကျောင်းထိုင်ဘုန်းကြီးကို လူဝတ်လဲ

ထိုင်းနိုင်ငံ ပရာချင်ဘူရီက ဆီမဟာပေါက် ခရိုင်မှာရှိတဲ့ မဟာသောင် ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်ကို အရက်သောက်တဲ့အတွက် လူဝတ်လဲလိုက်ပါတယ်။ သူနဲ့အတူ တခြား သံဃာတော် ၂ ပါးလည်း အရက်မူးနေတာကို ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပြီး လူဝတ်လဲလိုက်တာလို့ ဘန်ကောက်ပို့စ် သတင်းက ရေးပါတယ်။ ဖုန်းကနေတဆင့် သတင်းပေးလာတာကို ရဲတပ်ဖွဲ့က လက်ခံရရှိအပြီး မေ ၂၄ ရက် နေ့လယ် ၁ နာရီခွဲမှာ ရဲတပ်ဖွဲ့က သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ ကျောင်းမှာ ညအထိ အရက်သောက်လေ့ရှိတာဟာ အနီးနားက နေထိုင်တဲ့သူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်လို့ ဆိုပါတယ်။ ရဲတပ်ဖွဲ့က ရောက်သွားတဲ့အချိန် သံဃာတော် ၃ ပါးက အခန်းထဲမှာ ဆူညံနေပြီး အရက်မူးနေသလို ဒီအထဲမှာ ကျောင်းထိုင်ဆရာတော်ပါ ပါနေတာကို တွေ့ရှိခဲ့ပါတယ်။ ဒီနောက် ပရာချင်ဘူရီက သံဃာဆိုင်ရာအဖွဲ့ကို ခေါ်ပြီး လက်ထောက်ဆရာတော်က မေးခွန်းမေးမြန်းခဲ့ရာမှာ ကျောင်းထိုင်ဆရာတော်က ၀န်ခံလို့ လူဝတ်လဲလိုက်တာလို့ ဆိုပါတယ်။
6 years Ago
Up