တညလုံးအရက်မူးပြီး အိမ်ပြန်မလာတဲ့ ခင်ပွန်းဖြစ်သူကို ဓားကိုင်ခြိမ်းခြောက်ပြီး အိမ်ပြန်ခေါ်လာခဲ့တဲ့ ထိုင်းနိုင်ငံမှ အမျိုးသမီးတဦးရဲ့ ရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလောမှာ ရေပန်းစားနေပါတယ်။
ဒီအဖြစ်အပျက်ဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ် စားသောက်ဆိုင်တန်းတွေ အလယ်မှာ ဖြစ်ခဲ့ပြီး လမ်းသွားလမ်းလာတဦးက လက်ကိုင်ဖုန်းနဲ့ မှတ်တမ်းတင် ရိုက်ကူးခဲ့တာပါ။
ဒီအဖြစ်အပျက် ရုပ်သံဗွီဒီယိုဖိုင်ကို အင်တာနက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့ချိန်မှာတော့ ရေပန်းစားနေခဲ့တာပါ။
အဆိုပါအမျိုးသမီးဟာ ခင်ပွန်းဖြစ်သူကို သူ့ရဲ့ ငွေရောင်ပစ်ကပ်ကားနဲ့ တညလုံး လိုက်ရှာနေခဲ့တာဖြစ်ပြီး နောက်တနေ့ မနက်ခင်းမှာမှ တွေ့ရှိခဲ့တာဖြစ်တယ်လို့ မေရာသတင်းမှာ ဖော်ပြပါတယ်။
ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ အဲဒီအမျိုးသမီးဟာ ခင်ပွန်းဖြစ်သူကို တွေ့ရှိချိန်မှာ ရုတ်တရက် ကားကိုရပ်လိုက်ပြီး ဆင်းသွားခဲ့တာကို တွေ့ရပါတယ်။
အဲဒီနောက် အံ့အားသင့်နေတဲ့ ခင်ပွန်းဖြစ်သူဆီ ကားတွင်းမှ ဓားကိုယူဆောင်ပြီး အပြားဘက်က ရိုက်နှက်ခဲ့ကာ ကားပေါ်တက်ဖို့ အမိန့်ပေးစေခိုင်းခဲ့တာပါ။
ဒယီးဒယိုင်နဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူဟာ ကားပေါ်မတက်သေးဘဲ ရှိနေချိန်မှာ အဆိုပါအမျိုးသမီးက သူ့ကို ဓားနဲ့ ထပ်ပြီးရိုက်နှက်ခဲ့တာကို တွေ့ရပါတယ်။
အဲဒီနောက်မှာတော့ အဆိုပါအမျိုးသားဟာ ကားပေါ်တက်သွားခဲ့ပြီး ကားလည်း မောင်းထွက်သွားခဲ့တာပါ။
ဒီအဖြစ်အပျက်ကို မျက်မြင်တွေ့ရှိခဲ့တဲ့ ဂျာရာပွန် ချိုင်ရာဆက်တ်ကတော့ “ဒီအမျိုးသမီးဟာ အရမ်းအရမ်းကို ဒေါသထွက်နေခဲ့တာပါ။ စကားအသွားအလာကို ကြည့်ရတာတော့ သူ့အမျိုးသားဟာ သူ့ကိုမပြောဘဲ တညလုံး အပြင်ထွက်နေခဲ့လို့ ခုလိုဖြစ်တာထင်ပါတယ်။ သူက အမျိုးသားကို ကားပေါ်တက်ဖို့၊ အိမ်ပြန်ဖို့ ပြောခဲ့တာပါ။ ဓားကိုင်ထားပြီး ကားကိုလည်း လမ်းပေါ်မှာ မောင်းသွားလိုက်တာ ကြောက်စရာကောင်းတယ်” လို့ ပြောပါတယ်။
6 years Ago