ထိပ်တန်းပြိုင်ပွဲတွေမှာ အရက်မူးပြီး ဒိုင်လုပ်ခဲ့သူ ၂ ဦးကို ချက်ဘောလုံးအဖွဲ့ချုပ် (FACR)က တားမြစ်လိုက်ပါတယ်။
ဆလေဗီယာ ပရက်နဲ့ တန်းဆင်းဇုန်က ရုန်းကန်နေရတဲ့ အက်ဖ်ကေ ပရီဘန်တို့ပွဲမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ကွင်းပြင်က အကူဒိုင်တွေဖြစ်တဲ့ မာရက်ပေနီနဲ့ ဂျာရီဂျက်တို့ ၂ ဦးဟာ လိုင်စင်ရုတ်သိမ်းခံရဖွယ်ရှိပြီး စည်းမျဉ်းအရ အရေးယူသွားမယ်လို့ FARCက ပြောပါတယ်။
ပေနီကတော့ အရက်မှုးတာ သိသာနေသလို ဂျက်ကလည်း ပြိုင်ပွဲ ကစားနေစဉ် ဆီးခဏခဏ သွားတာ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
ပေနီရဲ့ လုပ်ရပ်ကတော့ ဗွီဒီယိုနဲ့ ရိုက်ကူးထားပြီး ယူကျူပေါ်တင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီလိုအခြေအနေကို တားမြစ်နိုင်ခြင်းမရှိတဲ့အတွက် ကြီးကြပ်ဒိုင်နဲ့ စည်းကြပ်ဒိုင် ၂ ဦးကိုတော့ ဒီရာသီကုန်အထိ အနားပေးထားတယ်လို့ ဆိုပါတယ်။
6 years Ago