အရက်မူးကားမောင်း၍ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ရွန်နီ အသင်းတာဝန်ရှိသူများကို တောင်းပန်

September 19, 2017

အရက်မူးကားမောင်း၍ ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့် ရွန်နီ အသင်းတာဝန်ရှိသူများကို တောင်းပန်

အဲဗာတန်တိုက်စစ်မှူး ရွန်နီဟာ အရက်မူးပြီး ကားမောင်းခဲ့လို့ ပြစ်ဒဏ်ရချမှတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ပရိသတ်တွေနဲ့ အသင်းတာဝန်ရှိသူတွေကို တောင်းပန်စကား ပြောကြားလိုက်ပါတယ်။ ရွန်နီဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက် ညပိုင်းက ချက်ရှိုင်းယားအရပ်မှာရှိတဲ့ ဝမ်မ်စလိုမြို့မှာ အရက်အလွန်အကျွံမူးပြီး ကားမောင်းခဲ့တာကြောင့် ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးပြီး အရေးယူခဲ့တာပါ။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး စက်တင်ဘာ ၁၈ ရက်မှာ တရားရုံးက အမိန့်ချမှတ်ခဲ့ရာ ၂ နှစ် ကားမောင်ခွင့်ပိတ်ပြစ်ဒဏ်နဲ့ လူမှုရေးလုပ်ငန်းတွေမှာ နာရီ ၁၀၀ ပါဝင်လုပ်ကိုင်ဖို့ အမိန့်ချမှတ်ခံခဲ့ရပါတယ်။ အဲဒီလို ပြစ်ဒဏ်ချမှတ်ခံရတဲ့အပေါ်မှာ ကျေနပ်လက်ခံပြီး မိမိကြောင့် စိတ်အနှောင့်အယှက်ဖြစ်စေခဲ့တဲ့ အဲဗာတန်အသင်း ပရိသတ်တွေနဲ့ အသင်းတာဝန်ယူရှိသူတွေကို တောင်းပန်တယ်လို့ ရွန်နီက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
4 years Ago
Up