လက်ရှိထုတ်ဝေဖြန့်ချိနေတဲ ပြည်တွင်းသတင်းစာဂျာနယ်တွေမှာ အရက်ဘီယာကြော်ငြာတွေကို မဖော်ပြဖို့အတွက် ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
အခုနောက်ပိုင်း အရက်ဘီယာ ကြော်ငြာတွေ ပိုများလာတာကြောင့် အခုလို သတိပေးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် အရက်ဘီယာကြော်ငြာထည့်သွင်းဖော်ပြခဲ့တဲ့ ပြည်တွင်းဂျာနယ်သတင်းစာတွေကိုလည်း ရန်ကုန်မြို့ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲမှာ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ခေါ်ယူတွေ့ဆုံပြီး သတင်းစာဂျာနယ်တွေမှာ အရက်ဘီယာကြော်ငြာတွေ ထည့်သွင်းဖော်ပြခြင်း မပြုဖို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
7 years Ago