အရက်ဖိုး

January 26, 2019

အရက်ဖိုးတောင်းတာမရသဖြင့် နေအိမ်မီးရှို့၊ နေအိမ် ၃ လုံး ပျက်စီးဆုံးရှုံး

ဘိုကလေးမြို့ပေါ်မှာ အရက်ဖိုးတောင်းတာ မရတဲ့အတွက် လူငယ်တဦးက နေအိမ်အား မီးရှို့ခဲ့လို့ နေအိမ် ၃ လုံး မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ပေါ် ပအမှတ် ၇ ရပ်ကွက်၊ ၁၂ လမ်းမှာ ဇန်နဝါရ်ီလ ၂၆ ရက်နေ့ မနက် ၁၁ နာရီ ခွဲလောက်က အသက် ၁၈ နှစ်အရွယ် လူငယ်တဦးက အဒေါ်ဖြစ်သူထံမှ အရက်ဖိုးတောင်းတာ မရရှိခဲ့လို့ မိမိနေအိမ်အား မီးရှို့ခဲ့တာဖြစ်ပြီး နေအိမ် ၃ လုံး မီးလောင်ကျွမ်းခဲ့ပါတယ်။ ဘိုကလေးမြို့နယ် မီးသတ်ဦးဌာန မီးသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီး၊ ဌာနဆိုင်ရာတွေ၊ လူမှုရေးအသင်းအဖွဲ့တွေ၊ ဒေသခံတွေ ဝိုင်းဝန်းငြှိမ်းသက်ခဲ့ရာ မွန်းတည့် ၁၂ ရီအချိန် မီးငြိမ်းခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် နေအိမ် ၃ လုံး မီးလောင်ကျွမ်းဆုံးရှုံးမှု တန်ဖိုးမှာ ၈၂ သိန်းဖိုးရှိတယ်လို့ ဘိုကလေးမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရပါတယ်။ နေအိမ်မီးရှို့သူ ကျန်ကျောင်း (ခ) ဟိန်းထက်အောင် (ခ) မိုးညှင်းသူဆိုသူအား ဘိုကလေးမြို့နယ် ရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၄၃၆ နဲ့ အမှုဖွင့်အရေးယူနေတယ်လို့ သိရပါတယ်။
2 years Ago
Up