အယ်လ်ချီ

December 30, 2020

အယ်လ်ချီနှင့်ပွဲတွင်  ဟာဇက် ပြန်ကစားနိုင်မည်ဟု ရီးရဲလ်နည်းပြ အတည်ပြု

အယ်လ်ချီနဲ့ပွဲမှာ တောင်ပံတိုက်စစ်ကစားသမား ဟာဇက် ပြန်လည်ကစားနိုင်မှာဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ် နည်းပြ ဇီဒန်းက ပြောပါတယ်။  ရီးရဲလ်အသင်းဟာ ဒီကနေ့ ညပိုင်းမှာ အယ်လ်ချီအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။  ဟာဇက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ကစားခဲ့တဲ့ အလာဗက်စ်နဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာ ရခဲ့တာပါ။  တစ်လခန့်အနားယူခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ အသင်းလူစာရင်းမှာ ပြန်လည် ပါဝင်လာခဲ့ပြီး အယ်ချီနဲ့ပွဲမှာ ပွဲကစားချိန်အနည်းငယ် အသုံးပြုသွားမယ်လို့ နည်းပြဇီဒန်းက ပြောပါတယ်။  ရီးရဲလ်အသင်းက စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူခဲ့တဲ့ ဟာဇက်ဟာ ဒဏ်ရာပြဿနာတွေ ကြောင့် အခုနှစ်ရာသီ လာလီဂါပွဲစဉ် ၃ ပွဲမှာသာ ပွဲထွက်ကစားသမားစာရင်းမှာပါ ဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။  ဘရာဇီးတောင်ပံကစားသမား ရိုဒရိုင်ဂို ၃ လ ခန့်အနားယူရဖို့ရှိချိန်မှာ ဟာဇက် ပြန်ကစား နိုင်တော့မှာက ရီးရဲလ်ပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်ခဲ့ပါတယ်။ 
10 months Ago
Up