အယ်လ်ကေဒါ

September 16, 2020

အာဖဂန်တွင် အယ်လ်ကေဒါ အယောက် ၂၀၀ အောက်သာ ကျန်ရှိဟု မိုက်ခ်ပွန်ပေအိုပြော

အာဖဂန်နစ္စတန်နိုင်ငံမှာ အယ်လ်ကေဒါ စစ်သွေးကြွ အယောက်  ၂၀၀ အောက်ပဲ ကျန်တော့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေအိုက ပြောပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့က  အတ္တလန္တိတ် တတ်သိပညာရှင်များကောင်စီမှာ ပွန်ပေအိုက ပြောကြားလိုက်တာဖြစ်ပါတယ်။ “အနှစ် ၂၀ အတွင်း ပထမဆုံးအနေနဲ့ အာဖဂန်နစ္စတန်ဟာ ရင်ကြားစေ့ ငြိမ်းချမ်းနေတဲ့ အာဖဂန်ဟာ ဘယ်လိုပုံစံဖြစ်မလဲဆိုတာ စပြီး အတူထိုင်ရင်း အင်တိုက်အားတိုက် ဆွေးနွေးနေပြီ၊ ဘယ်သူတွေနဲ့ ဘယ်ပါတီတွေနဲ့ ညှိနှိုင်းနေတယ်၊ ဘယ်လောက် ခက်ခဲတဲ့လုပ်ငန်းစဉ် ဖြစ်မလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး အစွဲမှား အထင်မှားတာတွေ မရှိဘဲ လက်တွေ့မှာ အမေရိကန်က ပြီးမြောက်အောင် ဆောင်ရွက်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အသိအမှတ်ပြုလိုက်တာပဲ” လို့ ပွန်ပေအိုက  ပြောပါတယ်။ ဒီနေ့အချိန် အာဖဂန်နစ္စတန်မှာ အယ်လ်ကေဒါ အယောက် ၂၀၀ အောက် နည်းနည်းပဲ ရှိတော့တယ်။ ကျနော်တို့ဟာ အကုန်အကျတွေကို လျှော့ချမယ့် ရလဒ်တွေကို မျှော်လင့်ထားတဲ့အတိုင်း ပေးနေတယ်လို့လည်း  အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
1 year Ago
Up