အယ်လ်ကိုင်းဒါးအဖွဲ့ရဲ့ မြောက်အာဖရိက ခေါင်းဆောင်ကို မာလီနိုင်ငံ စစ်ဆင်ရေးတခုမှာ သုတ်သင်နိုင်ခဲ့တယ်လို့ ပြင်သစ်ကာကွယ်ရေးဝန်ကြီးက ဇွန်လ ၅ ရက်မှာ ကြေညာလိုက်ပါတယ်။
ပြင်သစ်စစ်တပ်နဲ့ ဒေသတွင်း စစ်တပ်တွေပေါင်းပြီး ကွပ်ကဲမှုတခုတည်းအောက်မှာ အိုင်အက်စ်အဖွဲ့နဲ့ ဆက်နွှယ်တဲ့ စစ်သွေးကြွတွေကို စတင်တိုက်ခိုက်ပြီး ၆ လ နီးပါးအကြာမှာ အက်ဒယ်မာလစ် ဒရော့ဒယ် သေဆုံးတဲ့ သတင်းကို ကြေညာခဲ့တာပါ။
ဒရော့ဒယ်ဟာ မြောက်အာဖရိကရဲ့ အတွေ့အကြုံအရှိဆုံး စစ်သွေးကြွ ၁ ဦးဖြစ်ပြီး မာလီ မြောက်ပိုင်းကို စစ်သွေးကြွတွေ သိမ်းပိုက်ရာမှာ ပါဝင်ခဲ့ပါတယ်။
အဲဒီနောက် ကိုလိုနီဟောင်းဖြစ်တဲ့ မာလီနိုင်ငံမှာ ပြင်သစ်စစ်တပ်က ၂၀၁၃ မှာ ကြားဝင်ခဲ့ ပြီး စစ်သွေးကြွတွေကို ပြန်မောင်းထုတ်ခဲ့တာကြောင့် စစ်သွေးကြွတွေဟာ ဆာဟယ်ဒေသမှာ ပျံ့နှံ့ခဲ့ပါတယ်။
မြောက်အာဖရိက အယ်လ်ကိုင်းဒါးအဖွဲ့ဟာ ဒေသတွင်းမှာ လွှမ်းမိုးတဲ့ ဂျီဟတ်အဖွဲ့ပြီး ထိပ်ပိုင်း ခေါင်းဆောင်တွေ အသေအပျောက်များတဲ့ တိုက်ခိုက်မှု အများအပြားကို ၂၀၁၃ ခုနှစ်အထိ လုပ်ဆောင်ခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ အဖွဲ့ ပြိုကွဲပြီး စစ်သွေးကြွတွေဟာ အီရတ်၊ ဆီးရီးယားနဲ့ လစ်ဗျားမှာ နယ်မြေသိမ်းယူထားတဲ့ ပိုအစွန်းရောက်တဲ့ အိုင်အက်စ်အဖွဲ့ဆီ သွားရောက်ပူးပေါင်းခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
9 months Ago